အမြို့မြို့အနယ်နယ်သတင်းများ

Dec 28,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် တိုင်းဒေသကြီးအစိုးရ၏ အစီအစဉ်ဖြင့် တန်ဖိုးသင့် အခြေခံ စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက တောင်ဇလပ်ရပ်ကွက်၊ ကားကြီးဝန်းရှေ့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရောင်းချပေးခဲ့ကြောင်း သိရသည်။
Dec 28,2022
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က အနာဂတ်မျိုးဆက်သစ် ကျောင်းသားလူငယ်များအား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အရုပ်ဆက်ပြိုင်ပွဲ ကျင်းပပြုလုပ်ကြောင်း သိရသည်။
Dec 28,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၊ ရုံးရပ်တောင်ရပ်ကွက်ရှိ အမှတ်(၆)အခြေခံပညာမူလတန်းကျောင်း၌ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းကျန်းမာရေးအသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီက ပြုလုပ်ခဲ့သည်။
Dec 28,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ဒေသခံတောင်သူများသည် မြေအောက်ရေ ၊ဆည်ရေများဖြင့် သီးနှံများကို နွေ၊မိုး၊ဆောင်း တစ်နှစ်ပတ်လုံး စီးပွားဖြစ် စိုက်ပျိုးကြရာ ဒေသထွက်"ဂွေး"ပင်များစိုက်ပျိုးခြင်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Dec 28,2022
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုး၏ ခွင့်ပြုရန်ပုံငွေဖြင့် မစကျေးရွာတွင်ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှု အခြေနေအား‌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီအချိန်တွင် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
Dec 28,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မိုးလုံလေလုံအားကစားခန်းမဆောင်တွင် အိမ်ထောင်စုလူဦးရေစာရင်း၊ မြေပြင်ကွင်းဆင်းကောက်ယူရေး၊ မြို့နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်‌နေ့ နံနက် ၉ နာရီ ၁၅မိနစ် အချိန်ကကျင်းပပြုလုပ်ခဲ့သည်။
Dec 28,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးကဗျာ၊ ဆောင်းပါးပြိုင်ပွဲကို ယမန်နေ့နံနက်(၉)နာရီက မင်းလှအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
Dec 28,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အခြေခံပညာကျောင်းပေါင်းစုံ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်  ၈ နာရီအချိန်က ပေါက်ခေါင်းမြို့နယ် အားကစားကွင်းတွင် ကျင်းပခဲ့သည်။