အမြို့မြို့အနယ်နယ်သတင်းများ

Jul 09,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့၌ ဝါဆိုသင်္ကန်း ဆက်ကပ်ခြင်းနှင့် ဥပုသ်သီလ ဆောက်တည်ကြသူများဖြင့် စည်ကားလျက်ရှိသည်။
Jul 09,2025
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဘုရင့်နောင်ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ အဆိုပါအစည်းအဝေးသို့  ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Jul 09,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် လုပ်ငန်းရာသီအတွက် ဂရန်အင်းများနှင့် တင်ဒါချက်များ (ပထမ) အကြိမ် လေလံတင်ရောင်းချခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ (၁)နာရီက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 09,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အခမ်းအနားမှူးသင်တန်းကို ယမန်နေ့မနက်ပိုင်းက ခရိုင်ပြန်ဆက်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် လည်းကောင်း၊ နေ့လယ်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင်လည်းကောင်း ဖွင့်လှစ်ကြောင်း သိရသည်။
Jul 09,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံ ဘုရားကြီး၌ နှစ်စဉ်ကျင်းပသော ဝါဝင်ဆွမ်းဆန် စိမ်းလောင်းလှူပွဲကို ယမန်နေ့နေ့လယ် ၁ နာရီ က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 09,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသခံပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှု့တတ်သော အလေ့အထ ကောင်းများ ဖြစ်ပေါ်လာစေရန်အတွက်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Jul 09,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အမှတ်(၁) အ​ခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့က ကာလဒါနဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်း အနား ကျင်းပခဲ့သည်။
Jul 09,2025
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကလေးအလုပ်သမားနှင့်ပတ်သက်၍ အသိပညာဗဟုသုတများ ရရှိစေရေးအတွက် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက တပ်ကုန်းကျေးရွာ အုပ်စု၊ ပေကံကုန်း ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။