Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တံတားဦးမြို့နယ်၌ စက်သုံးဆီများတွင် အသုံးပြုနေသော QR CODE စနစ်များအားမြေပြင်ကွင်းဆင်းစစ်ဆေး
Jun 08,2026
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား QR CODE စနစ်များ အသုံးပြခြင်းကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်းစစ်ဆေးကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်ခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ အရုပ်ဆက်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Jun 08,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ယနေ့ နေ့လယ်ပိုင်းက အရုပ်ဆက်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး မင်းလှမြို့နယ်တွင် ကျွန်းသစ်ဟောင်း တူးဖော်တွေ့ရှိမှုအား ကြည့်ရှု…
Jun 08,2026
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးကျော်ကျော်လင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နေ့လယ် ၂ နာရီခွဲချိန်က သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ လှည်းကူးအုပ်စု၊ အင်းမတန်းကျေးရွာ၊ မြစိမ်းဘုန်းတော်ကြီးတိုက်၏ ရှေ့ရွာလယ်လမ်းမတည့်တည့် မြေပြင်အောက် (၆) ပေခန့်အကွာမှ အလျား (၄၀) ပေ၊ လုံးပတ် (၉) ပေ၊ တန်ချိန် (၄.၀၅) တန်ရှိ ကျွန်းသစ်လုံး တစ်လုံးအား တူးဖော်ရရှိမှုအခြေအနေအား ကြည့်ရှုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း နေပြည်တော်ကောင်စီဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၂/၂ဝ၂၆) ကြိမ်မြောက် အစည်းအဝေး တက်ရောက်
Jun 08,2026
နေပြည်တော်ကောင်စီ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၂/၂ဝ၂၆) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော်ကောင်စီ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ ကော်မတီအဖွဲ့ဝင်များ ခရီးသွားလုပ်ငန်းရှင်များနှင့် နေပြည်တော်ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပလောက်မြို့၌ စာပေဝါသနာရှင်များ စာဖတ်ဝိုင်းပြုလုပ်
Jun 08,2026
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့၌ စာပေဝါသနာရှင်များမှစာဖတ်ဝိုင်းကို ယနေ့ နံနက်(၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုခန်းမတွင် ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ကြီးတံခွန်မြို့နယ်၌ လျှပ်စစ်ကဏ္ဍ ပြည်သူအကျိုးပြု ရက်(၁၀၀) စီမံချက်ဖြင့် ဓာတ်အားစဉ်ဆက်မပြတ် ရရှိစေရေးတို့အတွက် ဖြန့်ဖြူးရေး ထရန်စဖော်မာ ၇ လုံး…
Jun 08,2026
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ လျှပ်စစ်ကဏ္ဍ၊ ပြည်သူအကျိုးပြု ရက်(၁၀၀)စီမံချက်ဖြင့် လျှပ်စစ် ဗို့အားပြည့်ဝစွာရရှိစေရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေး၊ ယူနစ်ပျောက်ဆုံးမှု ကျဆင်းစေရေးနှင့် ဓာတ်အားစဉ်ဆက်မပြတ် ရရှိစေရေးတို့အတွက် ဖြန့်ဖြူးရေး ထရန်စဖော်မာ ၇ လုံးကို တပ်ဆင်ခြင်းလုပ်ငန်းကို တည်ဆောက် ရာတွင် ၆၇ ဘီလမ်း၊ ၁၂၀ လမ်းတွင် ၁၁/၀.၄ ကေဗွီ (၅၀၀)ကေဗွီအေထရန်စဖော်မာတစ်လုံးကို လည်းကောင်း၊ ၇၃ လမ်းနှင့် မင်္ဂလာလမ်းတွင် ၁၁/၀.၄ကေဗွီ(၅၀၀) ကေဗွီအေ ထရန်စဖော်မာ တစ်လုံးကိုလည်းကောင်း၊ ၇၄ အေ လမ်းနှင့် ၁၁၅ လမ်းတွင် ၁၁/၀.၄ကေဗွီ(၃၁၅)ကေဗွီ ထရန်စဖော်မာတစ်လုံး ကို လည်းကောင်း၊ ၅၈လမ်းနှင့် ၁၁၉ လမ်းတွင် ၁၁/၀.၄ ကေဗွီ(၃၁၅) ကေဗွီအေထရန်စဖော်မာတစ်လုံးကိုလည်းကောင်း၊ ရန်ကုန်-မန္တလေးလမ်းနှင့် တံခွန်တိုင် ဈေးတန်းတွင် ၁၁/၀.၄ကေဗွီ(၃၁၅)ကေဗွီအေထရန်စဖော်မာတစ်လုံးကို လည်းကောင်း၊ ၆၁လမ်းနှင့်၁၃၃ လမ်းတွင် ၁၁/၀.၄ကေဗွီ (၃၁၅)ကေဗွီ ထရန်စဖော်မာတစ်လုံးကို လည်းကောင်း၊ ၅၃လမ်းနှင့် ၁၂၇လမ်းတွင် ၁၁/၀.၄ကေဗွီ (၃၁၅)ကေဗွီ ထရန်စဖော်မာတစ်လုံးကို လည်းကောင်း စသည့် နေရာများတွင် စုစုပေါင်း ထရန်စဖော်မာ ၇ လုံး တပ်ဆင် ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ငါန်းဇွန်မြို့နယ်တွင် ဆီကုန်သည်ကြီးများအသင်းမှ ပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာ ဆက်လက်ရောင်းချ
Jun 08,2026
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ ဇွန် ၇ ရက် နံနက် ၈ နာရီမှစတင်၍ ညနေ ၄ နာရီထိ မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီ၏ စီမံကွပ်ကဲမှုဖြင့် မြို့နယ်ဆီလုပ်ငန်းရှင် ကြီးများအသင်းမှ မြို့ပေါ်လေးရပ်ကွက်ရှိ အိမ်ထောင်စုဝင်ပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ တစ်ပိဿာ ကျပ် ၈၈၀၀နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလိန်အောင်မြို့တွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးအတွက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုး
Jun 08,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကလိန်အောင်မြို့တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးအတွက်ရည်ရွယ်၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၆ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
153
Page
154
Page
155
Page
156
Current page
157
Page
158
Page
159
Page
160
Page
161
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department