Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဒေါပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်
Oct 21,2022
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် အခြေခံပညာကျောင်းများရှိ ရေကြည်ရေသန့်ရှိနိုင်သည့် နေရာများတွင် အဘိတ်ဆေးများခတ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး
Oct 21,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင် နေကြသည့် တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို သတ်မှတ်အုပ်စုများအလိုက် ထုတ်ချေးပေးလျက်ရှိရာ ယနေ့မွန်းလွဲ (၁)နာရီ အချိန်က ပျဉ်းမနားမြို့နယ်၊ သစ်လေးလုံးကျေးရွာအုပ်စုအတွင်းရှိ တောင်သူများအား ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့နယ် တောင်ပေါ်ဒေသ၌ ကျောင်းအဆင့်တိုးဖွင့်ပွဲနှင့် ကျောင်းဆောင်သစ်ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
Oct 21,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် တောင်ပေါ်ဒေသသက္ကယ်ဒိတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင့်တိုးဖွင့်ပွဲနှင့် ကျောင်းဆောင်သစ်ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ်တွင် မျိုးစေ့ထုတ်စိုက်ခင်းများအား မျိုးကွဲနုတ်ပယ်ခြင်းနှင့် မျိုးစေ့ထုတ် တောင်သူများအား တာပေါ်လင် (မိုးကာဖျင်)ပေးအပ်ခြင်း အခမ်းအနားကျ…
Oct 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သက္ကယ်ဆိပ်ကျေးရွာအုပ်စုတွင် အောက်တိုဘာ (၂၀)ရက်နေ့ နေ့လယ် (၁)နာရီအချိန်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှ ၂၀၂၂-၂၀၂၃ခုနှစ် မိုးရာသီပေါ်ဆန်းရင် စပါးမျိုးဖြင့် RS to CS မျိုးစေ့ထုတ်စိုက်ခင်း (၂၃)ဧကအား မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်နိုင်ရေးအတွက် မျိုးကွဲနုတ်ပယ်ခြင်းနှင့် မြို့နယ်တွင်းရှိ မျိုးစေ့ထုတ်တောင်သူ (၈၂)ဦးအား တာပေါ်လင် (မိုးကာဖျင်)ပေးအပ်ခြင်း အခမ်းအနား ကျင်းပဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စာဖတ်သူများလက်ဝယ်အရောက် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး
Oct 21,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်းပေးနေလျက်ရှိရာ ယနေ့တွင် မြို့နယ်ရုံးဝန်ထမ်းများက တောင်သာရပ်ကွက်နှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတို့သို့ သွားရောက်ငှားရမ်းပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြိတ်ခရိုင်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲကျင်းပ
Oct 21,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ယနေ့နံနက်(၁၀)နာရီက မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ကျွန်းရတနာအစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် မြိတ်ခရိုင်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သိန္နီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများ၏ ပင်စင်လစာများကို ပုံမှန်ထုတ်ပေး
Oct 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊သိန္နီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများ၏ ပင်စင်လစာများကို ယနေ့နံနက် ၇ နာရီအချိန်ကစတင်ကာ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လေးမျက်နှာမြို့နယ် ခြောက်ဆယ်ကျေးရွာအုပ်စု၊ ရိုးကြီးကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီ ရွေးချယ်…
Oct 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ခြောက်ဆယ်ကျေးရွာအုပ်စု ရိုးကြီးကျေးရွာတွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီများ ရွေးချယ်ဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15255
Page
15256
Page
15257
Page
15258
Current page
15259
Page
15260
Page
15261
Page
15262
Page
15263
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department