အမြို့မြို့အနယ်နယ်သတင်းများ

Oct 21,2022
လမ်းမတော်မြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အ.ထ.က(၂)လမ်းမတော်တို့ပူးပေါင်း၍ တိုက်ကွမ်ဒိုနှင့် Fitness Dance သင်တန်း ဖွင့်ပွဲအခမ်းအနားကိုယမန်နေ့နံနက်(၁၀)နာရီက အ.ထ.က(၂)မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်သည်။
Oct 21,2022
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၃)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား ကျောင်းသူများအား အသိပညာပေး ဆွေးနွေးဟောပြောပွဲနှင့် နံရံကပ်စာစောင်/စာအုပ်စာစောင်များ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
Oct 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ရေအားနှင့် စက်သုံးဆီအသုံးပြု၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးနှင့် သယံဇာတေရးရာဝန်ကြီး ဦးခင်မောင်မြင့်တို့က ယနေ့ နံနက် (၈) နာရီအချိန်က ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာရှိ အသေးစားရေအားလျှပ်စစ်စက်ရုံသို့ ကွင်းဆင်း ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
Oct 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် (အ-ထ-က) သရက်ချောင်း ကျောင်းပညာရတနာခန်းမတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Oct 21,2022
ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့်  စိတ်ဓာတ်ရေးရာ၊  စာရိတ္တရေးရာ မြင့်မားတိုးတက်ကောင်းမွန်စေပြီး အသိပညာဗဟုသုတများ တိုးပွားရရှိစေရေးနှင့် ပတ်ဝန်းကျင်ရှိ သဘာဝသယံဇာတအရင်းအမြစ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်စေလိုသော ရည်ရွယ်ချက်ဖြင့် မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့ပူးပေါင်း၍  အသိပညာပေးဟောပြောပွဲကို ကရင်ပြည်နယ်၊ မြဝတီမြို့၊  အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းနှင့် အမှတ် (၂) အခြေခံပညာ အလယ်တန်းကျောင်းတို့တွင် ယနေ့နံနက် ၁၀ နာရီက စတင်ဟောပြောပေးကြောင်း သိရသည်။ 
Oct 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြာပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်  ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 21,2022
အစဉ်အလာမပျက် နှစ်စဉ်ကျင်းပပြုလုပ်သည့် သရက်ချောင်းမြို့နယ် ဌာနဆိုင်ရာစုပေါင်း မဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။