Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ငပုတောမြို့နယ်၌ နေကြာစိုက်ပျိုးမည့် မြေနေရာနှင့် စပါးမျိုးစေ့ထုတ် စိုက်ခင်းအား တာဝန်ရှိသူများမှ ကွင်းဆင်း ကြည့်ရှု
Oct 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်(၂) ဦးသန်းဦးတို့သည်ယမန်နေ့ မွန်းလွဲ (၁)နာရီ အချိန်က ငပုတောမြို့နယ်၊ သက္ကယ်ချောင်း ကျေးရွာအုပ်စု၊ သက္ကယ်ချောင်းကျေးရွာတွင် တောင်သူ ဦးလှဝင်း၏လယ်ယာမြေတွင် နေကြာစိုက်ပျိုးမည့်မြေနေရာအား ကွင်းဆင်းကြည့်ရှုခဲ့သည်။ ထို့နောက် နေကြာမျိုးစေ့အား အောင်မြင်စွာစိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ပြီးနောက်ကွင်းအတွင်း လှည့်လည် ကြည့်ရှုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်လင်မြို့၌ ဆီလုပ်ငန်းရှင်များအသင်းမှ ဆီ(၁)ပိဿာ ၄၄၀၀ ကျပ်ဖြင့်ရောင်းချပေး
Oct 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စားသုံးသူလက်ဝယ်အရောက် တိုက်ရိုက်လက်လီလက်ကားစနစ်ဖြင့် ဆီ(၁) ပိဿာလျှင် ၄၄၀၀ ကျပ်နှုန်းဖြင့် ယနေ့နံနက်(၁၀)နာရီက မြို့မဈေးကြီးအနောက်ဘက်တွင် ရောင်းချလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခန္တီးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်မှုအနေဖြင့် Mask Campaign ပြုလုပ်
Oct 23,2022
စစ်ကိုင်းတိုင်းဒသကြီး၊ ခန္တီးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်မှုအနေဖြင့် Mask Campaignကို ယနေ့နံနက်(၇)နာရီအချိန်က စည်ပင်သာယာရေးဈေးရှေ့ လမ်းဆုံတွင်ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အ.ထ.က(ခွဲ)လော်ကော်ကျောင်း၌ Steel Structureဖြင့် ကျောင်းဆောင်သစ်တည်ဆောက်ခြင်း လုပ်ငန်း(၇၀) ရာခိုင်နှုန်းပြီးစီး
Oct 23,2022
နိုင်ငံအတွင်းရှိ လူငယ်လူရွယ်များ အဆင်ပြေစွာပညာသင်ကြားနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ် ချက်ဖြင့် ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာကျောင်းများ တည်ဆောက်လျက်ရှိရာ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လော်ကော် ကျေးရွာအုပ်စု၊ လော်ကော်ကျေးရွာ၊ အ.ထ.က (ခွဲ)လော်ကော်ကျောင်းတွင် Steel Structure ဖြင့် (ပေ ၁၂၀× ပေ ၃၀)ရှိ (၁)ထပ်ကျောင်း ဆောင်သစ် တည်ဆောက်ခြင်းလုပ်ငန်းကို ဩဂုတ်လပထမအပတ်တွင် စတင်တည်ဆောက်လျက်ရှိရာ ယခုအခါတည်ဆောက်ခြင်း လုပ်ငန်း များ(၇၀) ရာခိုင်နှုန်းပြီးစီးပြီးဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ထီးချိုင့်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းဆောင်ရွက်
Oct 23,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ်(၃)ရပ်ကွက်ရှိ လူစည်ကားရာလမ်းဆုံတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်း၌ တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Oct 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယနေ့က တာဝန်ရှိသူများနှင့်အတူ တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကလေးမြို့တွင် ပြည်သူများ ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် Mask Campaign ဆောင်ရွက်
Oct 23,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက ကားကြီးဝန်းလမ်းနှင့် ပင်လုံဈေးလမ်းဆုံ၌ ခရီးသွား ပြည်သူများနှင့် စျေးရောင်း စျေးဝယ်များကို ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်သွားလာရေး အသိပညာပေး Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
အမ်းမြို့နယ်တပ်တောင်မြို့၌၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအားကွင်းဆင်းစစ်ဆေး
Oct 23,2022
ရခိုင်ပြည်နယ် အမ်းခရိုင် တပ်တောင်မြို့၌၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်းပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေဖြင့်တပ်တောင်မြို့အခြေခံပ ညာအထက်တန်းကျောင်းရှေလမ်း အားကွန်ကရစ် ခင်းနေမှုအား ယနေ့နံနက် ၉ နာရီအချိန် မြို့တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15202
Page
15203
Page
15204
Page
15205
Current page
15206
Page
15207
Page
15208
Page
15209
Page
15210
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department