အမြို့မြို့အနယ်နယ်သတင်းများ

Oct 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အောင်မင်္ဂလာစျေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး ယနေ့ နံနက်(၈:၀၀)နာရီအချိန်က မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းနှင့် အသိပညာပေးဟောပြောခြင်းများ ပြုလုပ်ခဲ့သည်။
Oct 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်သတိပြုနိုင်စေရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Oct 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီက အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ပါသည်။        
Oct 24,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့၊ အမှတ်(၄၆)စက်မှုလယ်ယာစခန်းက မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် လုပ်သားရှားပါးမှုအခက်အခဲများ ပြေလျော့သက်သာစေမည့် လယ်ယာသုံး စက်ကိရိယာများ တွင်ကျယ်စွာ ကိုင်တွယ်အသုံးပြုတတ်စေရန် ရည်ရွယ်ဖွင့်လှစ်သည့်  လယ်ယာသုံးစက်ကိရိယာ အခြေခံမောင်းနှင်ထိန်းသိမ်းမှု တောင်သူပညာပေးသင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက အဆိုပါ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
Oct 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မြောင်းမြမြို့ မြသာယာဈေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Oct 24,2022
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက် ၁၁ နာရီက မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ရုံးလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 24,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ် အမှတ်(၄)၊ ရပ်ကွက်၊ ဟံသာမုနိဘုရားကြီးကျောင်းတွင် ကျင်းပပြုလုပ်မည့်  ဟံသာမုနိမာရဇိန်ဘုရားကြီး လုံးတော်ပြည့်ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် နှစ်(၁၀၀)ပြည့် အလှူတော်မင်္ဂလာပွဲ ကျင်းပနိုင်ရေးအတွက်  ယနေ့နံနက်(၉)နာရီအချိန်၊ ဟံသာမုနိဘုရားကြီးကျောင်း၌ သက်ဆိုင်ရာတာဝန်ရှိသူများက (ဒုတိယ) အကြိမ် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။