အမြို့မြို့အနယ်နယ်သတင်းများ

Oct 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းကို အဖွဲ့နှစ်ဖွဲ့ခွဲ၍ ယမန်နေ့ နံနက်ပိုင်းက ထန်းတပင်အုပ်စု နံဂါတ်ကျေးရွာ နှင့် သောကြာဒူကျေးရွာအုပ်စု ကရင်စုကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတို့တွင် ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 26,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ကျန်းမာရေးဌာနနှင့်ဌာနခွဲများ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့တွင် ကျန်းမာရေးဝန်ထမ်းများမှ မကူးစက်တတ်သောရောဂါများအား အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း အခမဲ့စစ်ဆေးကုသပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်မိခင်နှင့်ကျန်းမာရေးဌာနတွင် လူနာ(၃၀)ဦးအား ကုသပေးခဲ့ကြောင်းသိရသည်။
Oct 26,2022
မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင် သာစည်-ညောင်ရမ်းလမ်း၌ ကတ္တရာခင်းရန် ကျန်ရှိနေသည့်လမ်းအရှည် ၁/၄.၆၈ မိုင်အား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ကတ္တရာခင်းခြင်းဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
Oct 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးသစ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်​ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးသစ်အတွင်း ဇာတ်တိုက်​​လေ့ကျင့်ခဲ့​ကြသည်။
Oct 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မွေးကင်စမှ(၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ငါးမျိုးစပ် ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများကို  ယနေ့နံနက်(၀၉:၀၀)နာရီအချိန်က မြို့နယ်ဒေသန္တရ ကျန်းမာရေးဌာနခွဲတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Oct 26,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာတံစိုးကျေးရွာ၌ စိုက်ပျိုး ထားသည့် ကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Oct 26,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့၊ မိုင်းလွေကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာရှိ ဘုန်းကြီးကျောင်း၌ ကျေးလက်နေပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စစ်ကြောင်းကြီးငါးကြောင်းဖြင့် ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။