အမြို့မြို့အနယ်နယ်သတင်းများ

Oct 29,2022
ပဲခူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မာရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အ.ထ.က(၁) သီရိပညာခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးစိုးလွင်က "အခြေခံပညာဦးစီးဌာန (ရုံးချုပ်)မှ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ပညာရပ်များကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများအား စနစ်သစ်ပညာရေးမှာ နိုင်ငံတော်က ချမှတ်
Oct 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ကွန်ပျုတာတက္ကသိုလ် (ဟင်္သာတ) ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သူနာပြုသားဖွား ဒီပလိုမာ (၃)နှစ်သင်တန်း ပထမနှစ် သင်တန်းသား၊ သင်တန်းသူများ၏ ICT အသုံးချ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီက ကွန်ပျူတာတက္ကသိုလ်ကျောင်း ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။
Oct 29,2022
​ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအား အရှေ့ရပ်ကွက်၊ ရေဝန်းဘုန်းတော်ကြီးကျောင်းတွင် ယမန့်နေ့ ည(၇)နာရီက တွေ့ဆုံကျင်းပခဲ့သည်။
Oct 29,2022
မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို သန္ဓေ တပ်ဖွဲ့ဝင်များနှင့် လက်တွဲကာ ပူးပေါင်း၍ ဆောင်ရွက်သွားနိုင်ရန် အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ်(၁/၂၀၂၂)ကို ရန်ကုန်တိုင်း ဒေသကြီး၊ ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနတွင် ဖွင့်လှစ်ဆောင်ရွက်လျက် ရှိပြီး ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနတွင်လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Oct 29,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က(သဲကုန်း)သာဓုခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
Oct 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ပညာရေးမှူးရုံးက ကျင်းပသည့် အခြေခံပညာကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယ‌မန်နေ့နံနက်(၉)နာရီက မှော်ဘီမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ရွှေရတုခန်းမ၌ ကျင်းပသည်။
Oct 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများအား စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားစေရန်၊ တိတိကျကျ မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်စေရန်နှင့် အတွေး၊ အမြင်များ မှန်ကန်အောင် လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍  ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ (ဆင့်ပွား)သင်တန်းကို ယနေ့နံနက် ၁၀ နာရီကအမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း (အင်းစိန်)၊ ဧရာဝတီခန်းမ၌ ကျင်းပခဲ့သည်။
Oct 29,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အုပ်ရှစ်ချိုကျေးရွာအုပ်စု ခြောက်ထောင့် ကျေးရွာတွင် ယမန်နေ့ နံနက်(၁၀)နာရီက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ ဌာနဆိုင်ရာတာဝန်ရှိသူများသည် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်လျက်ရှိသည့် ခြောက်ထောင့် ဆိုလာ လျှပ်စစ်ရေတင် စီမံကိန်းဆောင်ရွက်နေမှုအား ကြည့်ရှုခဲ့သည်။