အမြို့မြို့အနယ်နယ်သတင်းများ

Nov 06,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အလှူရှင်များ၏ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ စည်ကားသိုက်မြိုက်စွာ လှည့်လည် ကျင်းပခဲ့သည်။
Nov 06,2022
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်အတွင်းရှိ အနှေးယာဉ်(ဆိုက်ကား) များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်စေရေးအတွက် ရောင်ပြန် စတစ်ကာပြားများ အခမဲ့တပ်ဆင်ပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က စတင်ကာ တာဝန်ရှိသူများပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Nov 06,2022
မော်လမြိုင်မြို့၊ တောင်ဝိုင်းတောင်၊ တောင်ရိုးတန်းတွင် တည်ထားကိုးကွယ်တော်မူမည့် ငြိမ်းချမ်းသစ္စာနိမိန္ဒမျက်ရှင်တော်စေတီတော်မြတ်၊ ဌာပနာတော်များထည့်သွင်းပူဇော်ပွဲအခမ်း အနားကို ၂၀၂၂ ခုနှစ်၊ ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ တောင်ဝိုင်းတောင် စေတီတော်မြတ်ရင်ပြင်တော်၌၊ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ အလှူရှင်များ တက်ရောက်ခဲ့သည်။
Nov 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ပြည်သူများအား ယာဉ်အန္တရာယ်နှင့်လမ်းအန္တရာယ် သိရှိလိုက်နာစေရန်အတွက် အသိပညာပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက တောင်ဥက္ကလာပမြို့နယ် စည်ပင်သာယာရုံးဝန်းတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Nov 06,2022
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဆုချီးမြှင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၄ ရက်နေ့ ညနေပိုင်းက ရခိုင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မင်းသူရိယခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (စစ်တွေ) ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ တက်ရောက်ကြသည်။
Nov 06,2022
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် မြို့နယ်အဆင့် အခြေခံပညာကျောင်းအုပ်ကြီးများစီမံခန့်ခွဲ့မှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Nov 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းမှ ကြီးမှူး၍ နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်သော အခြေခံပညာ အထက်တန်းကျောင်း (အင်္ဂပူ) မိသားစု၏ (၄၀)ကြိမ်မြောက်မဟာဘုံကထိန် လှည့်လည်ပွဲကို ယမန်နေ့နံနက်(၇)နာရီအချိန်က အဆိုပါကျောင်းစုရပ်မှ မြို့နယ်အတွင်းသို့ စည်ကားသိုက်မြိုက်စွာ လှည့်လည်ခဲ့ကြောင်း သိရသည်။
Nov 06,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ ၂၀၂၂ ခုနှစ်၊ မိုးရာသီမိုးစပါးတစ်ဧက အထွက်နှုန်းတင်း(၁၀၀)ကျော် အထွက်နှုန်းရရှိရေး မိုးစပါးစံပြကွက်ရိတ်သိမ်းခြင်းနှင့် တောင်သူများသို့ အထွက်နှုန်းအသိပညာပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က ကင်းတောင်စံပြကျေးရွာရှိ တောင်သူဦးငမဲပါ (၂၂)ဦး၏ ကွင်းအမှတ်-၅၉ (ဃ)မိုးစပါးစံပြကွက် ၌ကျင်းပပြုလုပ်သည်။