Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုင်းဖြတ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား စည်းကားစွာကျင်းပနိုင်ရေး ညှိနှိုင်းစည်းဝေးကျင်းပ
Nov 14,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား စည်းကားစွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လောင်းလုံးမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်း လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Nov 14,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ဘဝမြှင့်မားရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ ကိုယ်ပိုင်လုပ်ငန်းဖြင့် မိသားစုအား တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရှာဖွေနိုင်ရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်း လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး ခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ် ကလေခိုအထက်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်မှု (၄၅)ရာခိုင်နှုန်းပြီးစီး
Nov 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုး၏ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်နေသည့် ကလေခိုအထက်ကျေးရွာသို့ ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများကကွင်းဆင်းကာ လိုအပ်သည်များပေါင်းစပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဖြူမြို့ပင်လယ်ကမ်းခြေတွင် နံနက်စောစောထလမ်းလျောက်သူများ၊ ကျန်းမာရေး လေ့ကျင့်ခန်းပြုလုပ်သူများဖြင့် အထူးစည်ကား
Nov 14,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပင်လယ်ကမ်းခြေတွင် ယနေ့နံနက်အရုဏ်တက် ၅ နာရီ ကျော်အချိန်ခန့်မှစ၍ စောစောထလမ်းလျောက်ကြသူများ၊ အပြေးလေ့ကျင့်သူများ၊ စက်ဘီးစီးသူများနှင့် ကျန်းမာရေးလေ့ကျင့်ခန်းပြုလုပ်ကြသူများဖြင့် အထူးစည်ကားများပြားလျက်ရှိ သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်ကြည…
Nov 13,2022
နေပြည်တော်ကောင်စီက ကြီးမှူးကျင်းပသည့် ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲ မဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီတွင် ပျဉ်းမနားခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ သာယာကုန်းကျောင်းတိုက်၌ ကျင်းပရာ ဇမ္ဗူသီရိမြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ ရှားတောကျောင်းတိုက် ပဓါနနာယကဆရာတော် ဘဒ္ဒန္တဥတ္တရ အရှင်သူမြတ်အမှူးပြုသည့် ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့် တော်မူကြသည်။
အပြည့်အစုံ ဖတ်ရန်
လဟယ်မြို့တွင် နှစ်ရှည်သီနှံစိုက်ခင်းများ ဆောင်ရွက်ရန် ပျိုးခြံတည်ထောင်ခြင်း လက်တွေ့ကွင်း သရုပ်ပြပွဲဆောင်ရွက်
Nov 13,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နှစ်ရှည်သီနှံစိုက်ပျိုး တောင်သူများအား လိုအပ်သော ပျိုးပင်များရရှိနိုင်ရန် ပျိုးခြံတည်ထောင်ခြင်း လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့က တောင်သူ ဒေါ်အလင်းသေး စိုက်ခင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ်ရှိ ကျေးရွာ(၃)ရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်း အကောင်အထည် ဖော်နိုင်ရေး ကျေးရွာစီမံကိန်းလုပ်ငန်း ကော်မတီဖွဲ့စည်းခြင်းနှ…
Nov 13,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် စိုက်ပျိုးမွေးမြူရေးအသားငါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းများ စီးပွားရေးထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်း အကောင်အထည်ဖော်နိုင်ရေး ကျေးရွာစီမံကိန်း လုပ်ငန်းကော်မတီဖွဲ့စည်းခြင်းနှင့် စီမံကိန်းလုပ်ငန်း ချပြရှင်းလင်းခြင်းကို ယမန်နေ့က (စိုက်ပျိုးရေး၊ မွေး/ကု၊ ကျေး/လက်) ဦးစီးဌာနမှ တာဝန်ရှိသူများသည် (ကမာကေး၊ ခရိုက်ဒူး၊ ခရိုက်နှိးဟု) ကျေးရွာများသို့ ကွင်းဆင်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်တွင်းမြို့နယ်၌ ကန်ကလေးတောရ ရွှေကျင်ကျောင်းစာသင်တိုက် ဖွင့်လှစ်ခြင်း နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ပူဇော်ပွဲအား ကျင်းပသွားမည်ဖြစ်
Nov 13,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကျရောက်မည့် ကန်ကလေးတောရရွှေကျင်ကျောင်းစာသင်တိုက် ဖွင့်လှစ်ခြင်းနှစ် (၁၀၀)ပြည့် အထိမ်းအမှတ်ပူဇော်ပွဲအား ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
14919
Page
14920
Page
14921
Page
14922
Current page
14923
Page
14924
Page
14925
Page
14926
Page
14927
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department