အမြို့မြို့အနယ်နယ်သတင်းများ

Nov 13,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ပြည်သူများအခွင့်အရေးများ မဆုံးရှုံးစေရေးအတွက် ရည်ရွယ်ကာ အိမ်ထောင်စုစာရင်းနှင့်လူဦးရေစာရင်းတွင် လက်ရှိမြေပြင် လူဦးရေများ မကျန်ရှိစေရေး၊ တိကျမှန်ကန်ရေးအတွက် ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများ အရောက် မြေပြင်ကွင်းဆင်း၍ အလေးထားဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။
Nov 13,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် (၂၀၂၂-၂၀၂၃)ပညာသင်နှစ်၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားလာရေးရည်ရွယ်၍ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် (၉)နာရီက ကော့ကရိတ်မြို့ အထက(၂) ကျောင်းသရဖီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Nov 13,2022
တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်း ဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန် က အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။
Nov 13,2022
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် စာတိုက်မှူး နှင့် စာတိုက်ငွေစာရင်းသင်တန်း အမှတ်စဉ် (၁၉/၂၀၂၂) ဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် က အဆိုပါ သင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။
Nov 13,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း(မြို့ချောင်း)၌ ယမန်နေ့က မြို့နယ်ပညာရေးဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍  ရှေးဦးသူနာပြုစုနည်း (အခြေခံ)သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Nov 13,2022
မကွေးတိုင်း‌ဒေသကြီး၊ စလင်းမြို့နယ် သန်းပင်ကုန်းကျေးရွာမှ သက်ကြီးဘိုးဘွားအတွက် နေအိမ်ပြုပြင် ဆောက်လုပ်နိုင်ရန် အလှူငွေထောက်ပံ့လှူဒါန်းပေးခြင်းကို ယနေ့နံနက်ပိုင်း က ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ တစ်ကိုယ်တော်ပရဟိတ အကျိုးတော်ဆောင် ဦးကျော်ဆန်းနှင့် ရပ်မိရပ်ဖများက အိမ်တိုင်ရာရောက် အလှူငွေများ သွားရောက် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။