အမြို့မြို့အနယ်နယ်သတင်းများ

Nov 29,2022
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲ ဒုတိယနေ့အဖြစ် အထွေထွေဗဟုသုတဘာသာရပ်ကို ယနေ့နံနက် (၉) နာရီက မာန်အောင် အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ စာမေးပွဲဖြေဆိုနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးသူရိန်စိုးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
Nov 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ မြို့ပေါ် စက်သုံးဆီဆိုင်များ၊ ဆေးဆိုင်များနှင့် အလှကုန်ဆိုင်များအား ခရိုင်/မြို့နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့မှ မြို့နယ်အတွင်းတရားမဝင် ကုန်စည်နှင့်ကုန်သွယ်မှုများ မရှိစေရေး လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က မြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဆိုင်များအား လိုက်လံစစ်ဆေး ဆောင်ရွက်ကြသည်။
Nov 29,2022
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်၏စီစဉ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များနှင့် ဟင်းသီးဟင်းရွက်များကို ပြည်နယ်အစိုးရ အဖွဲ့ရုံးဝင်းအတွင်း၌ ယနေ့နံနက်ပိုင်းက ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။
Nov 29,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ စက်မှုလက်မှုအထက်တန်းကျောင်းတွင် ယနေ့နံနက်  ၉ နာရီ ၃၀ မိနစ် အချိန်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဦးစိန်ကျော်လှိုင်မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီးနောက် ဒုတိယရဲမှူး တင်မောင်မြင့်မှ လူကုန်ကူးမှုနှင့်လူမှောင်ခိုအကြောင်းအရာများကိုလည်းကောင်း၊
Nov 29,2022
ကရင်ပြည်နယ်၊ ဘားအံမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း(ဘားအံ)တွင် ကရင်တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် ရိုးရာဂျပ်ခုတ်ပညာ၊ စက်ချုပ်ပညာများအပြင် အမှားအမှန် ဝေဖန်ခွဲခြားနိုင်ပြီး စာပေဖတ်ရှုဆွေးနွေးသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍  လူငယ်နှင့်စာပေ စကားဝိုင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 29,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ အမှတ် (၆)ရပ်ကွက် ၊ သိရိဈေးရှေ့တွင် Mask Campaign ပြုလုပ်ခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 29,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ‌ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ပွဲကို ယမန်နေ့ နံနက်(၉)နာရီအချိန်က အမှတ်(၆)ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း၌ မြို့နယ်အဆင့်ရေးဖြေ၊ နှုတ်ဖြေစစ်ဆေးခြင်းကို ကျင်းပခဲ့ပါသည်။