အမြို့မြို့အနယ်နယ်သတင်းများ

Jun 09,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးရေးစရိတ်ချေးငွေများကို မေလ (၁၂)ရက်နေ့မှ စတင်ထုတ်ချေးပေးလျက်ရှိရာ ငွေကျပ် (၂,၈၅၅,၁၀၀,၀၀၀) သိန်း ထုတ်ချေးပေးပြီး ဖြစ်သည်။
Jun 09,2026
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ယမန်နေ့ နံနက်က စာပေချစ်မြတ်နိုးသူ Book Club အသင်း အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်း သိရသည်။
Jun 09,2026
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုလီမိတက်တို့ ပူးပေါင်းဆောင်ရွက်သည့် မြို့နယ်သမဝါယမအသင်း အမှုဆောင်များနှင့် အသင်းဝန်ထမ်းများ အခြေခံစာရင်းရေး စာရင်းကိုင်သင်တန်းဖွင့်ပွဲကို ဇွန် ၈ ရက်နေ့ နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် ကမာကြည်လမ်း သုဝဏ္ဏမြို့ဦးဆုတောင်းပြည့်စေတီ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 09,2026
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသောင်းဒန်ဦး၏ လမ်းညွှန်မှုအရ စာဘူးတောင်းကျေးရွာအတွင်းရှိ အ.မ.က(အင်ကြင်းကွင်း)ကျောင်းတွင် ရက်(၁၀၀)အတွင်း ဆောင်ရွက်ရမည့်အကျိုးပြုလုပ်ငန်းစဉ်များအနက် တစ်ခုအပါအဝင်ဖြစ်သော ကျောင်းသား‌၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Jun 09,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ ဇူလိုင် (၃) ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြို့နယ်အဆင့် အလယ်တန်းနှင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
Jun 09,2026
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မှော်ဘီခရိုင်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများအနက်မှ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း အစီအစဉ်ဖြင့် မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိန်းနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာအုပ်စု၊ ပေတရာအပိုင်း၊ ကျောင်းကြီးကျောင်းတိုက်၌ ကျင်းပခဲ့သည်။