အမြို့မြို့အနယ်နယ်သတင်းများ

Mar 06,2023
 ပဲခူးမြို့၊ ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီးအား ရွှေထီးတော်အသစ် တင်လှူပူဇော်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်း‌ဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်တပ်မမှူး၊ တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြည်ညိုတင်လှူပူဇော်ခဲ့ကြသည်။
Mar 06,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် မီးသတ်ဦးစီးဌာနှင့် ဌာနဆိုင်ရာများ ပါဝင်သောပူးပေါင်းအဖွဲ့တို့မှ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနများသို့ မီးဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ သံဖြူဇရပ်မြို့နယ် အမှတ်(၁)နှင့် (၂)အခြေပညာအထက်တန်းကျောင်း၌ ကွင်းဆင်းစစ်ဆေးသည်။
Mar 06,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြေဆိုနိုင်ရန်နှင့် မီးဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီ က မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခဲ့ကြောင်း သိရသည်။
Mar 06,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ ရွှေဆံတော်စေတီတော်မြတ်ကြီးအနီးရှိ မင်္ဂလာကန်တော်ကြီးအား ယမန်နေ့နံနက်ပိုင်းအချိန်က စတင်ပြီး ပုဂံမြို့သူမြို့သားများ၊ ညောင်ဦးမြို့ သူမြို့သားများက ကန်တက်ခြင်း၊ ကန်ဆယ်ခြင်း၊ ကန်ဆင့်ခြင်း ကုသိုလ်ပြုလုပ်ကြကြောင်း သိရသည်။
Mar 06,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ စူဠာမုနိစေတီတော်မြတ်ကြီး တပေါင်းလပြည့်နေ့ ဆီမီး(၉၀၀၀)ပူဇော်ပွဲကို မတ်(၅)ရက် ည(၆)နာရီက စူဠာမုနိလောကချမ်းသာစေတီတော်ရင်ပြင်တွင် ကျင်းပသည်။
Mar 06,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သာသနာ ၂၅၀၀ စူဠာ မုနိလောက ချမ်းသာဘုရားတွင် တပေါင်းလပြည့်နေ့ ဆီမီး ၁၀၀၀ ထွန်းညှိပူဇော်ပွဲနှင့် ဓမ္မစင်္ကြာတရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ ညနေ ၆နာရီအချိန်က အဆိုပါဘုရားစေတီဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 06,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရှေးဟောင်းသမိုင်းဝင် မြတ်စောညီနောင်ဘုရား နောင်တော်ကြီး စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်အထွဋ်သို့ တင်လှူပူဇော်ပွဲ၊ ရွှေထီးတော်၊ ငှက်မြတ်နားတော်အား မျက်ပါးရွှေကပ်လှူပူဇော်ခြင်း၊ လုံးတော်ပြည့် ရွှေဆေးသင်္ကန်း ကပ်လှူပူဇော်ခြင်း၊ အရံစေတီတော်များ ရွှေဆေးသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က နောင်တော်ကြီးစေတီတော်ရင်ပြင်တွင် ကျင်းပခဲ့သည်။
Mar 06,2023
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် သလဲဦးကျေးရွာအုပ်စုတွင် ဆောင်ရွက်မည့် နွေစပါးဧက ၁၀၀၊ တင်း ၁၂၀နှင့် အထက် ထွက်ရှိရေး စံပြကွက်တောင်သူများသို့ စိုက်ပျိုးရေးဦးစီးဌာနမှ သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်စိုက် ပျိုးရေးဦးစီးဌာနခန်းမ၌ ကျင်းပကြောင်း သိရသည်။