Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
စိုက်ပျိုးရေများ ပြည့်ဝစွာပေးဝေနိုင်ရေး ငပြောင်ဆည်ရေသောက်စနစ် နွားတက်မြောင်းခွဲရှိ ရေကျအဆောက်အအုံတစ်ခုအား ပြန်လည်ပြုပြင်ပေး
Mar 14,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေများပြည့်ဝစွာပေးဝေနိုင်ရေး ငပြောင် ဆည်ရေသောက်စနစ် နွားတက်မြောင်းခွဲရှိ ရေကျအဆောက်အအုံတစ်ခုအား မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းလုံမြို့၌ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ ပြုလုပ်
Mar 14,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဖိတ်ကြားထားသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပဉ္စမနေ့ကို ဆက်လက်ဖြေဆို
Mar 14,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ(၈) ရက်နေ့မှစတင်ကျင်းပ လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ အ.ထ.က(၁)ကျောက်မဲ စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်အား ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်ကြီးမြို့နယ်တွင် သစ္စာအဓိဌာန်အောင်ရွှေစာရံ ဘုရားကြီး၏ (၇၅) ကြိမ်မြောက် စိန်ရတု ဗုဒ္ဓပူဇနိယပွဲတော် သံဃာ့ဒါန စာရေးတံမဲ လောင်းလှူပွဲ အခမ်းအနား ကျ…
Mar 14,2023
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ သစ္စာအဓိဌာန်အောင် ရွှေစာရံဘုရားကြီး၏ (၇၅)ကြိမ်မြောက် စိန်ရတု ဗုဒ္ဓပူဇနိဘုရားပွဲတော် သံဃာ့ဒါန စာရေးတံမဲ လောင်းလှူပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီက ရွှေစာရံဘုရား ရင်ပြင်တော်၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေါပုံမြို့နယ်တွင် လူငယ်နှင့်စာရိတ္တခေါင်းစဥ်ဖြင့် Talk Show အစီအစဥ်ရိုက်ကူးတင်ဆက်
Mar 14,2023
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများ Online Media မှတစ်ဆင့် အသိပညာဗဟုသုတများတိုးပွားစေရေးအတွက် Talk Show အစီအစဥ်ရိုက်ကူးတင်ဆက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မဘိမ်းမြို့နယ်၌ ၂ဝ၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ် ဆက်လက်ဖြေဆို
Mar 14,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ ၂ဝ၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေး ပွဲ ရူပဗေဒဘာသာရပ်ကို အထက-မဘိမ်းစာစစ်ဌာန၌ ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ ဆက်လက်ဖြေဆိုလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်၌ အစိုးရပါဋိပထမပြန် စာမေးပွဲအောင်လက်မှတ်နှင့် စာအောင်ဆုချီးမြှင့်ခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
Mar 14,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုးရပါဋိပထမပြန် စာမေးပွဲအောင်လက်မှတ်နှင့် စာအောင်ဆုချီးမြှင့်ခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့မွန်းလွှဲ (၂) နာရီက ရွှေမုဋ္ဌောဘုရား နန်းအိမ်သူဓမ္မဗိမာန်၌ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကမမောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး(Talk Show) ဆွေးနွေးပွဲ ဆောင်ရွက်
Mar 14,2023
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် လူကုန်ကူးမှုအန္တရာယ် အကြောင်းကို ပြည်သူများ သိရှိစေရန် ရည်ရွယ်၍ အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
12975
Page
12976
Page
12977
Page
12978
Current page
12979
Page
12980
Page
12981
Page
12982
Page
12983
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department