သတင်းများ

ဘုတလင်မြို့နယ်တွင် NEP အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် လျှပ်စစ်မီးလင်းရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Feb 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်း အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP) အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် လျှပ်စစ်မီးလင်းရေး လုပ်ငန်းများကို ယမန်နေ့ နေ့လည်ပိုင်းက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇေလင်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ခရမ်းမြို့နှင့်ဆက်သွယ်မည့် ကျေးလက်ဆက်သွယ်ရေးလမ်း ကွန်ကရစ်ခင်းကျင်းနေမူများအား ကွင်းဆင်းစစ်ဆေး
Feb 28,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း၂၀၁၉ - ၂၀၂၀ဘဏ္ဍာရေးနှစ်တိုင်းဒေသကြီး Budget ဖြင့် ဆောင်ရွက်နေသည့် ခရမ်း - ကရင်ကန် ဆက်သွယ်ရေးလမ်း ကွန်ကရစ်ခင်းကျင်းနေမူ များကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ကွင်းဆင်းကြည့်ရှူစစ်ဆေးခဲ့သည်။
ဖာပွန်မြို့၌ ပြည်သူ့စကားဝိုင်း ကျင်းပမည်
Feb 28,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ လူမှု​ရေးအသင်းအဖွဲ့များပူးပေါင်း၍ "ကြိုတင်ကာကွယ် ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်" ခေါင်းစဉ် ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ၌ မတ်လ ၆ ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
ကွန်ပျုတာ သင်တန်းဆင်းပွဲ ကျင်းပ
Feb 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ ညနေ ၃ နာရီအချိန်က ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော ကွန်ပျုတာသင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ကယားပြည်နယ် လူငယ်ရေးရာကော်မတီ အစည်းအဝေးကို လွိုင်ကော်မြို့၌ကျင်းပ
Feb 28,2020
ကယားပြည်နယ် လူငယ်ရေးရာကော်မတီ အစည်းအ‌ဝေးကို ယနေ့ နံနက် ၉ နာရီ ခွဲအချိန်က ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးရုံးခန်း၌ ကျင်းပသည်။
ဒဂုံမြို့နယ်၌ အသက်(၅)နှစ်အောက်ကလေးများအား ဘီတာမင်အေတိုက်ကျွေးခြင်းဆောင်ရွက်
Feb 28,2020
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက် နိုင်ငံတော်ကာကွယ်ရေးဝင်းအတွင်းရှိ အသက်(၆)လမှစ၍ (၅)နှစ်အောက်ကလေးများ ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျောရောဂါ ကင်းဝေစေရန်နှင့် ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးစေရန်အတွက် ဗီတာမင်အေ၊ သန်ချဆေး တိုက်ကျွေးခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ် အသိပညာပေးခြင်းတို့ကို ယမန်နေ့ မွန်းလွဲ(၂)နာရီတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ စုပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်ရှိ ကျောင်းသား/ကျောင်းသူ သုံးဦးလူရည်ချွန်ရွေးချယ်ခြင်းခံရ
Feb 28,2020
၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် အခြေခံပညာအဆင့် တိုင်းဒေသကြီး/ပြည်နယ်များ၏ ခရိုင်အလိုက် လူရည်ချွန်ရွေးချယ်ခံရသူများစာရင်းကို သက်ဆိုင်ရာမှထုတ်ပြန်ကြေညာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်မှ ကျောင်းသားသုံးဦး ရွေးချယ်ခံရကြောင်း သိရှိရသည်။
မင်းဘူးမြို့တွင် အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထား တင်ပြနိုင်ရေး အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံပွဲ အခမ်းအနားကျင်းပ
Feb 28,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာကော်မတီ (မကွေးတိုင်းဒေသကြီး) ၏ အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထား တင်ပြနိုင်ရေး အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။