ပန်ဆိုင်း(ကြူကုတ်)မြို့ လူထုအခြေပြုဗဟိုဌာန၌ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စက္ကူခေါက်ပြိုင်ပွဲ ကျင်းပ
Mar 11,2020
မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား/ကျောင်းသူများ တီထွင်ဖန်တီးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိပြီး ဉာဏ်ရည်၊ ဉာဏ်သွေးများ ပိုမိုထက်မြက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်ပြီး စာဖတ်တတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူတတ်စေရန်အတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စက္ကူခေါက်ပြိုင်ပွဲ ကျင်းပသည်။