သတင်းများ

ထန်းတပင် ဖေဖော်ဝါရီ ၂၇ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံ ငွေများပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကျွဲကူးကျေးရွာအုပ်စု၊ မြောက်လွှတ်ကုန်းကျေးရွာ တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။ ပေးအပ်ပွဲတွင် မြို့နယ်က
Feb 27,2020
ချင်းပြည်နယ် တီးတိန်မြို့တွင် ဖလမ်းခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယမန်နေ့က မြို့ပေါ်ရှိ စျေးဆိုင်များ၊ ဆေးဆိုင်များအား နိုင်ငံပိုင် သတင်းစာပါ စားသုံးရန်မသင့်သော အစားအသောက်များနှင့် သုံးစွဲရန်မသင့်သော ဆေးဝါးများ ရောင်းချခြင်းရှိမရှိ စစ်ဆေးခြင်းနှင့် အန္တရာယ်ကင်း စားသောက်ကုန်များ ရောင်းချနိုင်ရေး ပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
မူဆယ်မြို့တွင် ဖမ်းဆီးရမိထားသည့် တရားမဝင်ပိုးသတ်ဆေးများနှင့် မှိုသတ်ဆေးများ မြေမြှုပ်ဖျက်ဆီး
Feb 27,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်များတွင် မြန်မာနိုင်ငံဘက် သို့ တရားမဝင်တင်သွင်းလာပြီး (၁၀၅)မိုင်၊ ကုန်သွယ်ရေးဇုန်၊ စစ်ဆေးရေးဂိတ်၌ အကောက်ခွန် ဦးစီးဌာနမှ ဖမ်းဆီးရမိထားသည့် တရားမဝင်ပိုးသတ်ဆေးများကို ယမန်နေ့ နေ့လယ်(၂)နာရီအချိန်တွင် မူဆယ်မြို့၊ (၁၀၅) မိုင်ရှိ စိုက်ပျိုးရေး ရုံးဝန်းအတွင်း၌ မြေမြှုပ်ဖျက်ဆီးခဲ့သည်။
နံ့သာပန်းခင်း စာဖတ်ဝိုင်း ဆွေးနွေးပွဲ မလှိုင်မြို့၌ ကျင်းပ
Feb 27,2020
မလှိုင်မြို့နယ် (Book Club) အဖွဲ့နှင့် မြို့နယ်ပြန်/ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ နံ့သာပန်းခင်း စာဖတ် ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြန်/ဆက်ရုံး Community Centre ခန်းမ ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည် ။
လမ်းအဆင့်မြှင့်တင်ခြင်း စီမံကိန်းနှင့်ပတ်သက်၍ ကမ္ဘာ့ဘဏ်အဖွဲ့က ဖလမ်းမြို့နယ် ပြည်သူများနှင့် တွေ့ဆုံ ဆွေးနွေး
Feb 27,2020
ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံအတွင်း ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများအတွက် အရေးပေါ်ပြန်လည်ထူထောင်ရေးစီမံကိန်း (Flood and Landslides Emergency Recovery Project, FLERP) တွင်ပါဝင်သော ချင်းပြည်နယ်၊ ကလေး-ဖလမ်း-ဟားခါးလမ်း လမ်းအဆင့်မြှင့်တင်ခြင်းစီမံကိန်းနှင့် ပတ်သက်၍ ကမ္ဘာ့ဘဏ်အဖွဲ့၊ International Environmental and Social Safeguard Specialist နှင့် National Social Safeguard တို့နှင့် ဖလမ်းမြို့နယ်ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်က ဖလမ်းမြို့ Chin Centre ခန်းမ၌ ပြုလုပ်သည်။
စစ်ကိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ အခြေခံကွန်ပျူတာ(အခမဲ့) သင်တန်း(၁/၂)သင်တန်းဖွင့်လှစ်
Feb 26,2020
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံကွန်ပျူတာ(အခမဲ့) သင်တန်း(၁/၂) သင်တန်းကို ယနေ့ နံနက်(၉)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ငါ့သရောက်မြို့သို့ အခမဲ့လာရောက်ကုသပေးခြင်းနှင့် စမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်
Feb 26,2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အထက်မြန်မာပြည် တီဘီရောဂါတိုက်ဖျက်ရေး တီဘီ Mobile Team မန္တလေး(ဗဟို)မှ ဖေဖော်ဝါရီ ၂၆ ရက်နေ့ နံနက် ၈နာရီမှစတင်ကာ ငါ့သရောက် မြို့ ပြည်သူ့တိုက်နယ်ဆေးရုံတွင် ဒေါက်တာကျော်သန်းဦး ခေါင်းဆောင်သော ကျန်းမာရေး ဝန်ထမ်းများသည် ငါ့သရောက်နယ်မှပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေ ကြောင်း သိရသည်။
ကနီ၌ လေပြင်းတိုက်ခတ်မှု ဖြစ်ပွား
Feb 26,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် ယင်းသွင်ကျေးရွာအုပ်စုနှင့် ဒိုင်ကြီးကျေးရွာ အုပ်စုတို့တွင် ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က လေပြင်းတိုက်ခတ်မှုဖြစ်ပွားရာ ယင်းသွင်ကျေးရွာတွင်အိမ်ခြေ (၈)လုံး၊ မိချောင်းပုန်းကျေးရွာတွင်အိမ်ခြေ (၂) လုံး နှင့် ဒိုင်ကြီးအုပ်စုမုံပင်ကျေးရွာတွင်အိမ်(၁)လုံးစုစုပေါင်းအုပ်စု(၂)စု မှ ရွာ ( ၃)ရွာ အိမ်ခြေပေါင်း( ၁၁) အိမ်အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
ရွှေစာရံကျေးရွာတွင် ကျန်းမာရေးအသိပညာပေး ဟောပြော
Feb 26,2020
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံဘုရားပွဲတော်တွင် ကိုရိုနာဗိုင်းရပ်(စ်) အဆုတ်ရောင်ရောဂါ မဖြစ်ပွားစေရန် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်းကို ယနေ့နံနက် ၁၀နာရီခွဲ က ရွှေစာရံဘုရားရှိ မဟာဓမ္မဗိမာန်တော်၌ ပြုလုပ်သည်။