သတင်းများ

သရက်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများနှင့် Call Centreဖွင့်လှစ်ထားရှိအား လိုက်လံကြည့်ရှု
Oct 12,2025
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပထမအကြိမ်ကပ်ထား ကြေညာထားရှိမှုအား သရက်ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် အဖွဲ့ဝင်များက  အောက်တိုဘာ ၁၁ ရက် မွန်းတည့် ၁၂ နာရီခွဲက မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၌ကြေညာထားရှိမှုအား လိုက်လံကြည့်ရှုသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၇) ရက်တိုင်တိုင် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ ကျင်းပ
Oct 12,2025
တောင်ကြီးမြို့ကျက်သရေဆောင် စူဠာမုနိလောကချမ်းသာစေတီတော်ကြီး၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၇) ရက်တိုင်တိုင် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲကို အောက်တိုဘာ၁၂ရက် နံနက် (၆) နာရီခွဲက တောင်ကြီးမြို့၊ စူဠာမုနိလောကချမ်းသာစေတီတော်ဓမ္မာရုံ၌ ကျင်းပသည်။
တိုင်း‌ဒေသကြီးဝန်ကြီးချုပ် ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ (ပုသိမ်ဇုန်) တွင် ကျင်းပသည့် အုပ်စုပွဲစဉ်များအား ကြည့်ရှုအားပေး
Oct 12,2025
၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ(ပုသိမ်ဇုန်) အုပ်စုပွဲစဉ်များကို ဧရာဝတီတိုင်းဒေသကြီးမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင် ပထမနေ့ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေး
Oct 12,2025
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် (၂၆) မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လမ်းဘေးဝဲယာများတွင် အိမ်၊ လမ်း၊ ရွာ၊ ကျောင်းသန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ အပတ်စဉ်စနေ့နေ့တိုင်း စုပေါင်းသန့်ရှင်းရေးကိုဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကျုံပျော်ခရိုင်နှင့် ဟင်္သာတခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Oct 12,2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ကျုံပျော်ခရိုင်နှင့် ဟင်္သာတခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
နိုင်ငံတစ်ဝန်း မြို့နယ်များအလိုက် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လူထုအသိပညာပေး ဆိုင်းဘုတ်များစိုက်ထူ
Oct 11,2025
နိုင်ငံတစ်ဝန်းရှိ တိုင်ဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်များအလိုက် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူစည်ကားရာ‌နေရာများတွင် “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့မဲပေးကြပါစို့”ဟူသောဆောင်ပုဒ်ပါ လူထုအသိပညာပေးဆိုင်းဘုတ်စိုက်ထူသည့် အခမ်းအနားများကို  အောက်တိုဘာ ၉ ရက်နှင့် ၁၀ ရက် တို့တွင် ဆောင်ရွက်ကြောင်း သိရသည်။
မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလ ဘုရားပရဝဏ်အတွင်း အ‌ဆောက်အအုံများနှင့် ဈေးဆိုင်ခန်းများအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူးများ ပေးအပ်လှုဒါန်း
Oct 11,2025
မကွေးမြို့၊ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား အောက်တိုဘာ(၁)ရက်မှ (၂၀)ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ဘုရားပွဲတော်ကျင်းပနေစဉ် ကာလအတွင်း မီးလောင်မှု/မီးလန့်မှုများမဖြစ်ပွားစေရေး အတွက်ဘုရား ပရဝဏ်အတွင်း အဆောက်အအုံများနှင့် ဈေးဆိုင်းခန်းများအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူးများ ပေးအပ်လှုဒါန်းခြင်းကို အောက်တိုဘာ (၈) ရက်နေ့ မွန်းလွဲပိုင်း ၄ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။