သတင်းများ

သရက်မြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ
Dec 15,2021
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ပြည်သူများအား ပထမအကြိမ်ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးခြင်းလုပ်ငန်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ပြည်တော်အေးရပ်ကွက်ရှိ ဆင်ဖြူတော်ဓမ္မာရုံတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မက်မန်းမြို့နယ်တွင် ပန်းခင်းစီမံချက် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပန်းခင်းစီမံချက် အသိပညာပေး လက်ကမ်းစာ‌စောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မက်မန်းမြို့ပေါ် ရပ်ကွက်(၂)ရပ်ကွက်နှင့် ကွန်ဟောင်းကျေးရွာများသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား ဘူးသီးတောင်မြို့၌ စည်ကားသိုက်မြိုက်စွာကျင်းပ
Dec 15,2021
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌(၄၇)နှစ် မြောက်၊ ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်ကဘူးသီးတောင်မြို့ဦးဥတ္တမခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။
လက်ပံတန်းမြို့နယ်ရှိ ဆောင်းသီးနှံ ပဲမျိုးစုံ စိုက်ဧကများအတွင်း နေကြာသီးညှပ် စိုက်ပျိုးမှုများ အောင်မြင်ဖြစ်ထွန်း
Dec 15,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ပဲမျိုးစုံ စိုက်ဧကများအတွင်း နေကြာသီးညှပ် စိုက်ပျိုးထားရှိမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဉာဏ်မြင့်တို့က ယမန်နေ့က ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
မော်လမြိုင်၌ ကိုဗစ်-၁၉ရောဂါမျိုးဗီဇပြောင်း အိုမီခရွန်ကာကွယ်ရေး အသိပညာပေး ဆက်လက်နှိုးဆော်
Dec 15,2021
ကိုဗစ်-၁၉မျိုးဗီဇပြောင်း  အိုမီခရွန် ရောဂါပိုးကို  အခြားသောနိုင်ငံများတွင် ထပ်မံတွေ့ရှိမှုများကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်မှုမရှိစေရေး၊ ကြိုတင်ကာကွယ် သတိပြုနိုင်ကြစေရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းကို မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့ နံနက်ပိုင်းက မြို့တွင်းရပ်ကွက်များနှင့် လူစည်ကားရာ နေရာများ၌ လက်ကိုင်အသံချဲ့စက်ဖြင့် လိုက်လံ နှိုးဆော်ပေးသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဗန်းမော်မြို့၌ ခရိုင်အားကစားခန်းမသစ်အဆောက်အအုံနှင့် ခရိုင်မီးသတ်ဦးစီးမှူး ရုံးအဆောက်အဦသစ်များ ဖွင့်လှစ်ပေးပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Dec 15,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ကိုဗစ်-၁၉ ကာကွယ်ထိန်း ချုပ်ရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများ တိုးတက်မြင့်မားလာစေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဒီဇင်ဘာ ၁၃ ရက်တွင် ခရိုင်အားကစားခန်းမသစ် အဆောက်အဦနှင့် ခရိုင်မီးသတ်ဦးစီးမှူးရုံး အဆောက်အဦးသစ်များကို ဖွင့်လှစ်ပေးပြီး ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Dec 15,2021
ရှမ်းပြည်နယ်၊ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး  လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းအချိန်က ဒို့ကျေးရွာဂျာနယ် အတွဲ(၁၈)၊ အမှတ်(၂၁)စာစောင်မှ စာတည်းမှူးရေးသားသည့် “အတွေးအခေါ် ကောင်းများဖြင့် နိုင်ငံကောင်းကျိုးဖော်ဆောင်ကြမည်” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။