သတင်းများ

ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန (CommunityCentre) ၌ ဂုဏ်ပြုပွဲနှင့် စာအုပ်စာစောင် လှူဒါန်းပွဲ အခမ်းအနား ကျင်းပ
Dec 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)၌ ယနေ့မွန်းလွဲပိုင်းက ငါးသိုင်းချောင်းမြို့ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် စာရေးဆရာ သိန်း ဇော်(ရွှေလီဦး)အား (၂၀၂၀)ခုနှစ်၊ စာပေဗိမာန် စာမူဆု (ဝတ္ထုတိုပထမဆု) ရရှိခဲ့ခြင်း အတွက် ငါးသိုင်း ချောင်းမြို့ ပြန်/ဆက်ဦးစီးဌာနနှင့် (Club)အသင်းအဖွဲ့ဝင်များက ထပ်ဆင့်ဂုဏ်ပြုပွဲနှင့် စာအုပ်စာ စောင် လှူဒါန်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ဗီဇမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်
Dec 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဗီဇမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်နှိုးဆော်လျက် ရှိကြောင်း သိရသည်။
မိုးကောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်
Dec 23,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ကို ယနေ့ ၉ နာရီ ၃၀ မိနစ်မှ ညနေ ၄ နာရီ ၃၀ မိနစ်ထိ ပြသလျက်ရှိကြောင်း သိရသည်။
ထီးချိုင့်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ အခြေခံစားသောက်ကုန် (၄)မျိုး ဆက်ကပ်လှူဒါန်း
Dec 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ အ‌‌ခြေခံစားသောက်ကုန် (၄)မျိုး ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန် က ရွှေသင်္ဂဇာကျောင်းတွင် ကျင်းပပြုလုပ်သည်။
အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး Phase 5 ပထမအကြိမ် လူဦးရေ(၄၀၀၀)အား စတင်ထိုးနှံ
Dec 23,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုများ တိုက်နယ်ခွဲ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို လူဦးရေ(၄၀၀၀)အား ပထမအကြိမ် ထိုးနှံခြင်းကို ဒီဇင်ဘာလ(၂၂)ရက်နေ့မှ စတင်ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာ(၂၅)ရက်နေ့အထိ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းလုံမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ညှိနှိုင်း ဆွေးနွေးပွဲဆောင်ရွက်
Dec 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ ညနေ (၄) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌနှင့် နာယကများ၊ မြို့မိမြို့ဖများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကံမမြို့နယ်တွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်လူဦးရေစာရင်းပြုစုနေမှုအား ကြည့်ရှုစစ်ဆေး
Dec 23,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် နောင်ကျင်းပမည့်ရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုနေမှုအခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ယမန်နေ့နေ့လည် ၁ နာရီက မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးသို့သွားရောက်စစ်ဆေးခဲ့သည်။
အင်္ဂပူမြို့နယ်၊ ထူးကြီးဒေသ၊ တစ်တီတူးကွင်းကျေးရွာအုပ်စု ငပြေမအင်းကျေးရွာအနီးရှိ ဖောက်ချောင်းတာကျိုးပေါက်များ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး
Dec 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့ နယ်၊ ထူးကြီးဒေသ၊ တစ်တီတူးကွင်းကျေးရွာအုပ်စု ငပြေမအင်းကျေးရွာအနီးရှိ ၂၀၂၁-၂၀၂၂ Mini ဘဏာရေးနှစ်အတွင်း တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဖောက်ချောင်းတာကျိုးပေါက်များ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်မှုအား မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ဖြိုး၊ မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ဦးအောင်ဆန်းဝင်း ဒုဦးစီးမှူး (မြို့ပြ)၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။