သတင်းများ

အရန်မီးသတ် လေ့ကျင့်ရေး မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ 
Jan 04,2022
ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ်နှင့်တောင်ဥက္ကလာပမြို့နယ်တို့ပူးပေါင်း၍ တောင်ဥက္ကလာပ မြို့နယ်မီးသတ်ဦးစီးဌာနတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က တောင်ဥက္ကလာပမြို့နယ် မီးသတ် စခန်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 
နမ့်ခမ်းမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနား ကျင်းပ
Jan 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်ခရိုင် ၊ နမ့်ခမ်းမြို့တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြေက် လွက်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ပန်ပွဲကွင်းရှိ လွတ်လပ်ရေးကျောက်တိုင်၌ ယနေ့ နံနက် (၄)နာရီ မိနစ်(၂၀) အချိန်တွင်    မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဂုဏ်ပြုတပ်ဖွဲ့မှ ဦးဆောင်၍ ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော်အလံကိုတင်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးပြီးသော အာဇာနည်ခေါင်းဆောင်နှင့် ရဲဘော် အပေါင်းတို့အား အလေးပြုခဲ့သည်။
ကျိုက်ဒေးယျုံ စေတီတော်မြတ်ကြီး၏ ဝတ္တကမြေတွင် တည်ထားကိုးကွယ်မည့် ဗုဒ္ဓရုပ်ပွားတော် မြေသန့်မင်္ဂလာနှင့် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကျင်းပ
Jan 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ ဆုတောင်းပြည်စုံ ကျိုက်ဒေးယျုံ စေတီတော်မြတ်ကြီး၏ ဝတ္တကမြေတွင်တည်ထား ကိုးကွယ်တော်မူမည့်  ဉာဏ်တော်(၂၇)ပေရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မြေသန့်မင်္ဂလာနှင့် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၈နာရီ ၃၀ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရွှေဘိုမြို့ ၌ ( ၇၄ )  နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်‌‌ဝေ
Jan 04,2022
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ တွင် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် ( ၇၄ ) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များကို  ယနေ့ နံနက်(၇)နာရီက လွတ်လပ်ရေးနေ့ အခမ်းအနားတက်ရောက်လာသည့် ဝန်ထမ်းများ ၊အခြေခံပညာ ကျောင်းများမှဆရာ/ဆရာမများ၊ကျောင်းသား /ကျောင်းသူများ  ထံသို့ ရွှေဘိုခရိုင်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့သည်။
ရွှေပြည်သာမြို့နယ်၌ (၇၄ )နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ် အခမ်းအနားကျင်းပ
Jan 04,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ယနေ့နံနက် ၄း၂၀အချိန် တွင်ရွှေပြည်သာမြို့နယ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဒီပဲယင်းမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ 
Jan 04,2022
စစ်ကိုင်းတိုင်းသေကြီး၊ ရွှေဘိုခရိုင် ၊ ဒီပဲယင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ရေးဦးစီးဌာန ဝန်ထမ်းများက (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ် ထုတ်ဝေသော သတင်းစကား လက်ကမ်း စာစောင်များကို ၂၀၂၂ ခုနှစ် ၊ ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၇ နာရီအချိန်က (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားသို့ တက်ရောက်ရောက်ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ ၊ ဆရာ/ဆရာမများ ၊ ကျောင်သား/ကျောင်သူများကို ဖြန့်ဝေပေးခဲ့သည်။ 
ဝက်လက်မြို့ ၌ ( ၇၄ )  နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေ
Jan 03,2022
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ဝက်လက်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့ တွင်ကျရောက်မည့်  (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များ ကို  ယနေ့နံနက်(၉)နာရီကစတင်ကာ  ဌာနဆိုင်ရာရုံး များရှိဝန်ထမ်းများ၊ အခြေခံပညာ ကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ ၊ စျေးရောင်းချသူများထံသို့ ဝက်လက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေ ပေးခဲ့သည်။
သာကေတမြို့နယ်တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား  လက်ကမ်း စာစောင် ဖြန့်ဝေပေး
Jan 03,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် (၇၄)နှစ် တိုင်ခဲ့ပြီဖြစ်သည့် လွတ်လပ်ရေးနေ့ကို အများပြည်သူကျောင်းသားလူငယ်များ လေးစားမြတ်နိုး တန်ဖိုးထားတတ်စေရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (ရုံးချုပ်)ထုတ်ဝေခဲ့သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို ယနေ့ နံနက်ပိုင်းက သာကေတမြို့နယ်ရုံး ဝန်ထမ်းများက အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ ကားမှတ် တိုင်နှင့်ဈေးများ၌ ဖြန့်ဝေပေးခဲ့ကြသည်။