မိုင်းငေါ့မြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ဆောင်ရွက်ပေး
Dec 09,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ရှိ မြိုလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မိုင်းငေါ့မြို့အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူ များနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်လိုသူများကို ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့ နံနက် (၈) နာရီအချိန်က မန်ကောင်းရပ်ကွက်တွင် နေထိုင်သူများအား မြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုလဝကမှူး ဦးခမ်းရီနှင့်ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိနိုင်ရေးအတွက် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြပါသည်။