သတင်းများ

သီပေါမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေး
Jul 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ယနေ့နံနက် (၉)နာရီခွဲအချိန်က
ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ  အသက်(၅)နှစ်နှင့် (၁၂)နှစ်ကြား ကျောင်းသား/သူများအား (ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး
Jul 08,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ် နှင့် (၁၂)နှစ်ကြားရှိ ကျောင်းသား/သူများအား (ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်ကျောင်း စုရပ် နေရာများတွင်  ကျန်းမာရေးဝန်ထမ်းများက ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌(၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်စာစီစာကုံး ၊ ပန်းချီ ၊ ကဗျာ ၊ ဆောင်းပါးပြိုင်ပွဲကျင်းပ
Jul 08,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၂ခုနှစ် ဇူလိုင်လ(၁၉)ရက် နေ့တွင်ကျရောက်မည့်(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲကို
ကျောက်ဆည်မြို့နယ်တွင် အသက်(၅)နှစ်အထက် ကျောင်းသား/ကျောင်းသူများနှင့်ကျောင်းပြင်ပ ကလေးသူငယ်(၂၆၉၁၅)ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပေးပြီးဖြစ်
Jul 08,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ယနေ့နံနက်(၉)နာရီတွင် အသက်(၅)နှစ်အထက် ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းပြင်ပကလေးသူငယ်(၂၆၉၁၅)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်း ကာကွယ်ဆေးများဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
မာန်အောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်
Jul 08,2022
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးကုဌာနမှ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ခြင်းတို့ကို ယမန်နေ့ ညနေ၃နာရီက ရန်အောင်မြင်ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
မဘိမ်းမြို့နယ်၌ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်
Jul 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ မြို့နယ်အတွင်းရှိ အသက်(၁)နှစ်ခွဲ အောက် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ဉာဏ်ရည်ထက်မြက်ဖွံ့ဖြိုးစေရန်အတွက် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို
မင်းလှမြို့နယ်၌ မိုးရာသီတိရစ္ဆာန်အစာပင် (နေဗီယာမြက်) စိုက်ပျိုး
Jul 08,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက အုတ်တွင်းကျေး ရွာအုပ်စု၊ အုတ်တွင်းကျေးရွာတွင် တောင်သူ ဦးဝင်းညွှန့်ပိုင်ယာမြေ (၀.၀၇)ဧကတွင် မိုးရာသီတိရစ္ဆာန်အစာပင် နေဗီယာမြက် စု‌ပေါင်းစိုက်ပျိုးခြင်းကို ယနေ့ နံနက် ၁၀ နာရီချိန်က‌ ဆောင်ရွက်ခဲ့သည်။
မြိတ်မြို့နယ် တောင်ဖီလာကျေးရွာတွင် တစ်ရက်လျှင် ရေသန့်(၅၀၀၀) လီတာကျော်ထွက်ရှိမည့် ရေသန့်စင်စနစ် ဆောင်ရွက်
Jul 08,2022
ကျေးလက်ဒေသများတွင် ရေမလုံလောက်မှုများ နွေရာသီ ရေရှားပါးပြတ်လပ်မှု မဖြစ်ပေါ်စေရေး၊ ကျေးရွာရှိရေ ရရှိနိုင်သော ရေအရင်းအမြစ် များမှ ရေပေးရေးလုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ မြိတ်မြို့ နယ် ကဟန်းအုပ်စု တောင်ဖီလာကျေးရွာတွင် ကျေးရွာပြည်သူများအတွက် တစ်ရက်လျှင် ရေသန့်လီတာ(၅၀၀၀)ကျော်ထွက်ရှိမည့် ရေသန့်စင်စနစ်နှင့် ရေဂါလံ(၂၄၀၀) ဆံစင်မြင့်ရေစင်ကို တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။