ငဖဲမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကျေးရွာပြည်သူများနှင့် တွေ့ဆုံ ဆွေးနွေး
Aug 08,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ၏ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပဒါန်းကျေးရွာအမှတ်(၂) ဓမ္မာရုံသို့ သွားရောက်၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။