နောင်ချိုမြို့နယ် ကြက်ခြေနီအသင်းခွဲမှ မိုင်းအန္တရာယ် အသိပညာပေးဟောပြေပွဲပြုလုပ်

နောင်ချို ဇူလိုင်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ အမှတ်()အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ နောင်ချိုမြို့နယ် ကြက်ခြေနီအသင်းခွဲတို့၏ စီစဉ်မှုဖြင့် မိုင်းအန္တရာယ်အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်() နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ      မြို့နယ်ကြက်ခြေနီအသင်းခွဲ တပ်ခွဲမှူး ဒေါ်ခင်ချိုအေးက ပေါက်ကွဲစေတတ်သော ပစ္စည်းများအကြောင်း ဘေးအန္တရာယ်ထိခိုက်မှု ဆိုင်ရာ အသိပညာပေးများကို ပိုစတာ၊ ဗွီနိုင်းများဖြင့် ရှင်းလင်းဟောပြောဆွေးနွေးခဲ့သည်။ ၎င်းနောက်တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား မေးခွန်းများ မေးမြန်းဖြေကြားစေခြင်း၊ အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲသို့ အမှတ်()အခြေခံပညာအထက်​တန်းကျောင်း(ခွဲ)မှ  အလယ်တန်း ကျောင်းသား၊ ကျောင်းသူ ()ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ထွေးငယ်၊(ပြန်/ဆက်)