ဘားအံမြို့တွင် တရားရုံးက ဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေးနှင့် စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်း

ဘားအံ  ဇူလိုင် ၂၂

၂၀၂၂ ခုနှစ်၊ သြဂုတ်လ  ၁ ရက်နေ့တွင် စတင်အကောင်အထည်ဖော်မည့် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးနှင့်စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီခန့်က ဘားအံမြို့၊ ကရင်ပြည်နယ် တရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မိတ်ဆက်ရှင်းလင်းပွဲတွင် ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက အဖွင့်အမှာစကားပြောကြားပြီး ကရင်ပြည်နယ်တရားလွှတ်တော် စေ့စပ်ဖြေရှင်းရေးအရာရှိ ဒေါ်ဥမ္မာစမ်းက တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးနှင့်စပ်လျဉ်း၍ Power Point အသုံး ပြုရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများက တရားရုံးကဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေးနှင့်ပတ်သက်၍ သိရှိလိုသည်များ၊ မရှင်းလင်းသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပြီး အဆိုပါအခမ်းအနားသို့ ပြည်နယ်တရား လွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ပြည်နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ၊ ဘားအံတက္ကသိုလ်ဥပဒေပညာဌာနမှ ဌာနမှူး၊ ပြည်နယ်အတွင်းရှိ ခရိုင်/ မြို့နယ်တရားရုံးများမှ တရားရေးအရှိများနှင့် တရားသူကြီးများ၊ တရားလွှတ်တော် ရှေ့နေများ တက်ရောက်ခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)