မိတ္ထီလာ ဇူလိုင် ၂၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ ပုံပြင်ပြောပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် နံနက် ၉ နာရီ အချိန်ကလူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပုံပြင်ပြောပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းမှ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာတင်တော်က ပြိုင်ပွဲစည်းကမ်းများနှင့် အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ပုံပြင်ပြောပြိုင်ပွဲကို ကျင်းပခဲ့ရာ ၎င်းပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့မှုနှင့် ပတ်သက်၍ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာတင်တော်က ပြန်လည်သုံးသပ်ဆွေးနွေးခဲ့သည်။ ၎င်းနောက် ပြိုင်ပွဲတွင် ဆုရရှိသူများအား လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာတင်တော်နှင့် တာဝန်ရှိသူများက ဆုများကို အသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပုံပြင်ပြောပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ခရိုင်အမျိုးသမီးရေးရားအဖွဲ့မှ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင်များ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ စာရေးဆရာ တင်တော်နှင့် အဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)