မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မြစ်သား   ဇူလိုင်  ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက် ၁၀ နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြစ်သားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က ဆွေးနွေးပွဲကျင်းပရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော်နှင့် လက်ထောက်မီးသတ်ဦးစီးမှူး ဆပ်ညီညီသန်းတို့က မီးသတ်ဦးစီး ဌာန၏ လုပ်ငန်းတာဝန်နှင့် ရည်မှန်းချက်တာဝန်များ၊ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်သတိပေးဆောင်ရွက်ချက်များ၊ ဒေသခံပြည်သူများမီးသုံးစွဲရာတွင် သတိပြုလိုက်နာဆောင်ရွက်သင့်သည့်အချက်များ၊ လျှပ်စစ်မီးအသုံးပြုခြင်းနှင့်မီးဘေးအန္တရာယ်၊ ဓာတ်ဆီ၊ လောင်စာဆီတို့နှင့်ပတ်သက်၍ စနစ်တကျလိုက်နာသုံးစွဲရမည့် အခြေအနေများနှင့် မီးသတ်ဦးစီးဌာနမှ သင့်(၄)သင့်၊ မြန်(၃)မြန်ဖြင့် မီးငြှိမ်းသတ်ရေးအတွက် စနစ်တကျစီမံဆောင်ရွက်ထားရှိမှုများကို အသေးစိတ် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

သီတာအောင်(မြစ်သား)