မြစ်ကြီးနားမြို့၌ သုတရသဆိုင်ရာ အသိပညာဟောပြောပွဲကျင်းပ

မြစ်ကြီးနား     ဇူလိုင် ၂၂

ကချင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ကျောင်းသား/သူများ စာပေအသိပညာ တိုးပွား‌စေရေး သုတ ရသဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက် အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း “သီရိ”ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကချင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ  စာရေးဆရာ အကြီးကိုကို (ကသာ)မှ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းသို့ ငွေ (၁၀၀၀၀၀) ကျပ် တန်ဖိုးရှိ သုတရတ စာအုပ်စာစောင်များအား ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အဝေမြိုင်က လက်ခံရယူခဲ့ပြီး မြစ်ကြီးနားခရိုင် အင်ဂျန်းယန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်စိုးနိုင်က စာပေအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် စာရေးဆရာ မြစ်ငယ်ကျော်မော်က “စံထားအတုယူဖွယ်ဘဝ ဝတ္ထုတို” ခေါင်းစဉ်နှင့် စာရေးဆရာ ဇေယျာညီညီမှ “ဘဝဇာတ်ခုံ” ခေါင်းစဉ်တို့ဖြင့် ကျောင်းသား/သူများ တွေ့ကြုံနေရသည့် အခက်အခဲများအပေါ် ခံစားချက်မထားပဲ မိမိရည်မှန်းရာပန်းတိုင် ရောက်ရှိစေရေး သုတရသဆိုင်ရာ စာပေအသိပညာများအား ဟောပြောခဲ့ကြသည်။

အဆိုပါ အသိပညာ‌ပေးဟောပြောပွဲသို့ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/မများနှင့် ကျောင်းသား/သူ အင်အား (၂၀၀) ကျော်တက်ရောက်ကြသည်။

ယော်ဆောင်(ပြန်/ဆက်)