တနိုင်းမြို့နယ်၌ အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

တနိုင်း  ဇူလိုင် ၂၂

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊  မြန်မာ့စီးပွားရေးဘဏ်၌  အငြိမ်းစားဝန်ထမ်းများ၏ ပင်စင် လစာငွေများကို  ယမန်နေ့နံနက် ၉ နာရီက စတင်၍ ထုတ်ပေးလျက်ရှိသည်။

တနိုင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေ များကို နိုင်ငံတော်အစိုးရက သတ်မှတ်ထားသော ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိရာ ဇူလိုင်လ  ၂၁ ရက်​နေ့မှ ၂၈ ရက်နေ့အထိ  နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီအထိ ထုတ်ပေးသွားမည်ဖြစ်​ပြီး အငြိမ်းစားဝန်ထမ်းပင်စင် လစာထုတ်ယူသူ စုစုပေါင်း (၂၂၀) ဦးအား ကျပ် ၃၃၅ သိန်း ထုတ်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများထုတ်ပေးခြင်းအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။

မနောမြေ(တနိုင်း)