မိုင်းဖြတ်မြို့နယ်၌ နယ်​မြေ​ဒေသ​အေးချမ်လုံခြုံ​ရေး ဧည့်စာရင်းစစ်​ဆေးခြင်းများ ပူး​ပေါင်း​ဆောင်ရွက်

မိုင်းဖြတ်  ဇူလိုင် ၂၂

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် နယ်​မြေ​ဒေသ ​အေးချမ်းလုံခြုံ​ရေးအတွက် သက်ဆိုင်ရာပူး​ပေါင်းအဖွဲ့က ဧည့်စာရင်းစစ်​ဆေးခြင်းများကို စဉ်ဆက်မပြတ်​ဆောင်ရွက်လျက်ရှိရာ ယမန်​နေ့ ည ၉နာရီခွဲက ဝမ်ပုံ​ငကျးရွာသို့ ကွင်းဆင်းစစ်​ဆေးခဲ့​ကြောင်း သိရသည်။

ထိုသို့ ဧည့်စာရင်းများစစ်​ဆေးရာတွင်   မိုင်းဖြတ်တပ်နယ်မှ တာ၀န်မှူး ဗိုလ်ကြီး​ဇော်နိုင်ထွန်း ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ် ဗိုလ်​ဌေး ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် လူဝင်မှုကြီးကြပ်​ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုလူဝင်မှုကြီးကြပ်​ရေးမှူး ဦးခွန်မင်းထက်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ  ပူး​ပေါင်း​အဖွဲ့သည် ၀မ်ပုံ​ကျေးရွာရှိ လူ​နေအိမ် (၁၁) အိမ်အား ဧည့်စာရင်းစစ်​ဆေးခြင်း၊ နယ်​မြေ​အေးချမ်း​ရေးအတွက် လုံခြုံ​ရေးကိစ္စရပ်များ စစ်​ဆေးခြင်းတို့ကိုဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)