စဉ့်ကိုင် ဇူလိုင်၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်၀င်း၀င်းသန်းက ကလေးအလုပ်သမားများ လျော့နည်းပပျောက်စေရေးအတွက် ရည်ရွယ်ချက်(၃)ရပ်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ပြည်သူများ သိရှိစေရန် အသိပညာဗဟုသုတတိုးပွားစေရန် Talk Show ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူးဒေါ်နီနီ (ကျောင်းအုပ်ဆရာမကြီး) တောမ အ-လ-က(ခွဲ)ကျောင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်း ရည်ရွယ်ချက်ထဲမှ (Child) ပေါ်လစီ ကလေးသူငယ်စောင့်ရှောက်ရေး ကလေးသူငယ်များ ခေါင်းပုံဖြတ်ခံရမှု၊ ဖိနှိပ်မရှိစေရေး၊ မတော်ပြုကျင့်ခံရမှု မရှိစေရေး သက်ဆိုင်ရာဌာနများ၊ မြို့နယ် အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၀င်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ရပ်ကွက်/ကျေးရွာများ စက်ရုံအလုပ်ရုံများတွင် အသိပညာပေးဟောပြောပွဲများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့၀င် ဒေါ်ခင်ဆန်း (မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)က အမျိုး သမီးအရွယ်သုံးပါး ဘ၀စောင့်ရှောက်ရေး လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ကလေးအလုပ်သမားပပျောက်ရေးအတွက် မိဘများအနေနှင့် ကိုယ့်၀မ်း ရေး အဆင်ပြေအောင် ကလေးသူငယ်များ အလုပ်ခိုင်းစေခြင်းကို အလုပ်ရှင်နှင့် ညှိနှိုင်းပြီး အလုပ်ရှင်မှလည်း စာနာနားလည်ပေးစေလိုကြောင်း ပညာသင်ကြားလိုတဲ့ ကလေးအလုပ်သမားများအတွက်လည်း နိုင်ငံတော်မှပညာရေးဌာန၊ အလုပ်ရှင်များနှင့် ညှိနှိုင်း၍စီစဉ်ဆောင်ရွက်ပေးသင့်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ စာရေးဆရာ ရှေ့နေဦး၀င်းကြည် (စဉ့်ကိုင်)က ကလေးသူငယ်ကို ဥပဒေအရ အဓိပ္ပာယ်သတ်မှတ်ချက်များ၊ ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ကလေးသူငယ်များအားစက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်နိုင်ရေး၊ ပြဋ္ဌာန်းထားသည့်ဥပဒေများ၊ ကလေးအလုပ်သမားများ ဖြစ်လာရသည့် အကြောင်းအရင်းများ၊ မြန်မာနိုင်ငံ၏ ကလေးအလုပ်သမားဥပဒေ၊ ကလေးသူငယ်အခွင့်အရေး ဆိုင်ရာပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း အသီးသီး အကျယ်တ၀င့် ဆွေးနွေးနွေးခဲ့ကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)