လှည်းကူးမြို့နယ်တွင် ကျောင်းသား/ သူများအား ကိုဗစ်  - ၁၉ရောဂါကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံ

လှည်းကူး ဇူလိုင် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ပညာရေးကို သင်ယူခွင့်ရရှိနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါမှကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ(၁၂)နှစ်ထိ အခြေခံပညာကျောင်းသား/ သူများအား ကျောင်းအခြေပြုကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက လှည်းကူးမြို့နယ်၊ စစ်ရဲကျေးရွာအခြေခံပညာမူလတန်းကျောင်းတွင် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ပထမအကြိမ် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ်ထိုးနှံပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/မများ၊ ကျောင်းသားမိဘများပူးပေါင်း၍ ဆောင်ရွက် ပေးခြင်းဖြစ်ပြီး ကျောင်းသား/သူများအား ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေးစစ်ဆေးခြင်းဆိုင်ရာအချက်များကိုမေးမြန်းခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ စိုးရိမ်ရသည့် ရောဂါလက္ခဏာရှိ/ မရှိ မေးမြန်းပြီးမှသာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကျောင်းသား/ သူများအား ထိုးနှံပေးခဲ့ပြီး သတ်မှတ်ထားသည့်ရက်များအတိုင်း ကျန်ရှိသည့်ကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်ပြီးဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အေးအေးနွဲ့ (ပြန်/ဆက်)