မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များ အတွင်းမိုးရေပြည့်လျှံမှု ဖြစ်ပွား

မင်္ဂလာဒုံ ဇူလိုင် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ပြန်လည်နေရာချထားရေး ရပ်ကွက်အတွင်းရှိ ရွှေနှင်းဆီအပိုင်နှင့် အေးသာယာအပိုင်တို့တွင် ယနေ့ နံနက်(၅)နာရီ အချိန်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်များအတွင်း မိုးရေပြည့်လျှံမှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ ပြန်လည်နေရာချထားရေးရပ်ကွက်ရှိ ရွှေနှင်းဆီအပိုင် နေအိမ်များအတွင်းမိုးရေ ပြည့်လျှံသည့် အိမ်ခြေ (၁၃၀၀) ခန့်ရှိပြီး အေးသာယာအပိုင်အိမ်ခြေ (၅၀၀) ကျော်ခန့်ရှိ​သည်။

အဆိုပါ မိုးရေပြည့်လျှံသည့် နေအိမ်များအား အမှတ်(၂)ဆက်သွယ်ရေးအလုပ်ရုံမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ရေလွတ်သည့်နေရာများသို့ ပြောင်းရွှေ့နေရာချထား ပေးလျက်ရှိကြောင်း သိရသည်။

မြတ်သူဇာ ( မင်္ဂလာဒုံ)