တောင်သာ ဇူလိုင်လ ၂၂
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်မှ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနှင့် ပတ်သတ်၍ ပြည်သူများ သိသင့်သိထိုက်သည်များကို ဆွေးနွေးမေးမြန်းခြင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးရန်နိုင်စိုးက ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးရန်နိုင်စိုးက ဆွေးနွေးရာတွင် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ဥပဒေပြဌာန်းရခြင်းရည်ရွယ်ချက်များ၊ ကလေးသူငယ်များ၏ အခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဆောင်ရွက်နေမှုများနှင့် ဥပဒေများကို လိုက်နာခြင်းမရှိပါက ကျခံရမည့်ပြစ်မှု၊ ပြစ်ဒဏ်များဖြစ်သည့် ပုဒ်မ(၁၃)၊ ပုဒ်မ(၁၄) အကြောင်းအရာများ ဆွေးနွေးပြောကြားပြီးနောက် ပြစ်မှုတစ်ခုခုကျူးလွန်ပါက ပုဒ်မ(၂၇)အရ (၆)လထက်မပိုသော ထောင်ဒါဏ်သိန်း(၅၀)မှ သိန်း(၁၀၀)အထိ ဒဏ်ငွေ (၂)ရပ်လုံးချမှတ်နိုင်ကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)