တနိုင်းမြို့နယ်၌ စိုက်ပျိုးရေးအကြောင်း သိကောင်းစရာများ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

တနိုင်း ဇူလိုင် ၂၂

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၌  စိုက်ပျိုးရေးအကြောင်းနှင့် ပတ်သက်ပြီး အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက် ၁၀ နာရီခွဲက  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ  ကျင်းပခဲ့သည်။

ရှေးဦးစွာ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝါဦးက ပြည်သူများအနေဖြင့် စိုက်ပျိုးရေးနှင့်ပတ်သက်၍ အသိပညာဗဟုသုတများ ရရှိစေရေး ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး၊ ဦးညီညီထွေးက တောင်သူများထံ စိုက်ပျိုးရေးအသိပညာပေး လုပ်ငန်းများကိုလည်းကောင်း၊ မိုးစပါးမျိုးစေ့ထုတ် စိုက်ဧကများ‌ အကြောင်းကိုလည်းကောင်း၊ တောင်သူများထံသို့ မျိုးကောင်းမျိုးသန့် မျိုးစေ့ရရှိစေရေးကိုလည်းကောင်း၊ ဓါတ်မြေဩဇာနှင့် သဘာဝမြေသြဇာ သုံးစွဲနိုင်ရေးတို့အတွက် နည်းပညာပေးခြင်းတို့ကိုလည်းကောင်း စိုက်ပျိုးရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း ဆွေးနွေးခဲ့ကြသည်။ 

အဆိုပါ ဆွေးနွေးပွဲ (Talk Show)အား တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ပြည်သူများအတွက် အသိပညာပေး လုပ်ငန်းများကိုလည်း အွန်လိုင်းမှတစ်ဆင့် စဉ်ဆက်မပြတ် ထုတ်လွှင့်ပေးလျက် ရှိကြောင်း သိရသည်။

မနောမြေ(တနိုင်း)