တာချီလိတ် ဇူလိုင် ၂၂
ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့စု(၁၂၁)မှ မြို့ပေါ်ရပ်ကွက်များပေါ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို တတိယမြောက်နေ့အဖြစ် ယနေ့နံနက် ၉ နာရီမှစ၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဉ်မတော်တဆမှုများမှ ကာကွယ်ရန်ဆိုင်ကယ်စီးလျင် အရည်အသွေးပြည့်မီသည့် ဆိုင်ကယ်စီးဦးထုတ်ကို ဆောင်းကြရန်နှင့်မေးသိုင်းကြိုးအား စနစ်တကျတပ်ဆင်ရန်၊ နှစ်ဦးထက်ပိုမိုစီးနှင်းခြင်းမပြုရန်၊ စာသင်ကျောင်းနှင့် ဆေးရုံအနီးတွင် အရှိန်ပြင်းစွာမောင်းနှင်ခြင်းမပြုရန်၊ ဆိုင်ကယ်ဘက်မှန်နှင့်နံပတ်ပြားများ တပ်ဆင်မောင်းနှင်ရန်၊ လမ်းဆုံလမ်းခွ လမ်းအကွေ့အဝိုင်းပတ်နေရာများတွင် ယာဉ်မရပ်ရန်၊ ပါဝါအိတ်ဇောတပ်ဆင်မောင်းနှင်ခြင်း မပြုရန်၊ အရှိန်ပြင်းစွာမောင်းနှင်ခြင်းနှင့် စတန့်ထွင်မောင်းနှင်ခြင်းမပြုရန်၊ လမ်းမကြီးအလယ်မှ မောင်းနှင်ခြင်းမပြု ဘဲယာဘက်ခြမ်းကပ်လျက် အရှိန်လျှော့မောင်းနှင်ရန်၊ မူးယစ်ဆေးဝါးသုံးစွဲ၍သော်လည်းကောင်း အရက်သေစာသောက်စား၍သော်လည်းကောင်း မောင်းနှင်းခြင်းမပြုရန်နှင့် လက်ကိုင်ဖုန်းပြောဆိုခြင်းကို မပြုလုပ်ရန်၊ မိဘများအနေဖြင့်မိမိတို့၏ သားသမီးများအား အသက်မပြည့်သေးဘဲ ဆိုင်ကယ်မောင်းနှင်ခြင်းကိုခွင့်မပြုရန်၊ သတ်မှတ်ယာဉ်မောင်းလိုင်စင်ပါရှိမှသာ မောင်းနှင်သွားလာကြရန် စသည့်အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေနိုင်ရန်အတွက် ရပ်ကွက်များအတွင်းနှင့် ဗိုလ်ချုပ်လမ်းမကြီး၊ ရှမ်းရိုးမ၊ ချစ်ကြည်ရေးတံတား(၂)၊အဝိုင်းပတ်၊ ဂေါက်ကွင်းလမ်းနှင့် မြို့အဝင်လမ်းမကြီးများပေါ်၌ တတိယမြောက်နေ့အဖြစ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ယခုကာလသည် အသိပညာပေးကာဖြစ်ပြီး သတ်မှတ်ကာလကျော်လွန်ပါက အထက်ပါစည်းကမ်းချက်များအား လိုက်နာခြင်းမရှိ ဖောက်ဖျက်ကျူးလွန်ပါက ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့စု (၁၂၁)ထံမှသိရှိရသည်။
ယာဆေး( ပြန်/ဆက်)