ရွှေကူ ဇူလိုင် ၂၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးလက်နေ အမျိုးသမီးများ အသက်မွေးဝမ်းကျောင်း အထောက် အကူပြုစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားရရှိစေရန် ရည်ရွယ်၍ အခြေခံ စက်ချုပ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီခန့်က ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဆန်းဝင်းက သင်တန်းသူများအနေဖြင့် သင်တန်းက သင်ကြားပေးသော အတတ်ပညာများကို စဉ်ဆက်မပြတ် လေ့လာပြီး လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိအသုံးချနိုင်ရန် ကြိုးစားသင်ယူစေလိုကြောင်း အဖွင့် အမှာစကား ပြောကြားခဲ့ပြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်ခိုင်က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဒွဲလိန်၊မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစံသိန်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ပပသိန်းတို့က သင်ထောက်ကူ ပစ္စည်းများကို သင်တန်းသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါ စက်ချုပ်သင်တန်းသို့ ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသူဦးရေ ၂၀ ဦး တက်ရောက်ကြပြီး သင်တန်းတွင် အခြေခံစက်ချုပ်နည်းနှင့် ပတ်သက်သည့် သင်ခန်းစာများကို ကျွမ်းကျင်နည်းပြ တစ်ဦးက စာတွေ့လက်တွေ့ဖြင့် ဇူလိုင်လ ၂၂ ရက်နေ့မှ သြဂုတ်လ ၂၁ ရက်နေ့အထိ အခမဲ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ပပသိန်း(ပြန်/ဆက်)