ဇေယျာသီရိမြို့နယ်၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးမှုသရုပ်ပြပွဲကျင်းပ

ဇေယျာသီရိ ဇူလိုင် ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ပူးပေါင်း၍ ကောက်စိုက်စက်ဖြင့်မိုးစပါးစိုက်ပျိုးမှုသရုပ်ပြပွဲကို ခေတ်အေးကျေးရွာအုပ်စု တောင်သူဦးလှိုင်မင်း၏ စပါးစိုက်ခင်း၌ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းတက်ရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ ရေရှည်တည်တံ့သော လယ်ယာထုတ်ကုန်စနစ်တစ်ခု ဖြစ်ပေါ်နိုင်ရေးအတွက် တောင်သူများအနေဖြင့် စက်ကိရိယာအသုံးပြုပြီး ထွန်ယက်စိုက်ပျိုးခြင်းဖြင့်အချိန်ကုန်၊ ငွေကုန်သက်သာသည့်အပြင် အချိန်မီစိုက်ပျိုးနိုင်ပြီး ဒုတိယသီးနှံ၊ တတိယသီးနှံများ ကိုစိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊ ယခုလိုစပါးသီးနှံကို ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနိုင်သလို ပြောင်း၊ နှမ်း၊ နေကြာစသည့်သီးနှံများကို ယင်းစက်ကိရိယာ အသုံးပြု၍စိုက်ပျိုးသွားနိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် တောင်သူများ၏တင်ပြတောင်းခံမှုများကို ဖြည့်ဆည်းပေးရန်လိုအပ်ကြောင်းတိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာ သည့်ဌာဆိုင်ရာတာဝန်ရှိသူများက စိုက်ပျိုးရေးနှင့်ပတ်သက်သည့် လုပ်ဆောင်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးမှုသရုပ်ပြပွဲကို နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးဇေယျာလင်းကကြည့်ရှုစစ်ဆေးခဲ့သည်။

တောင်သူများအနေဖြင့် အဆိုပါစက်ဖြင့် စပါးစိုက်ပျိုးခြင်းဖြင့် လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှုနည်းပါးခြင်း၊ လုပ်ငန်းတွင်ကျယ်၍ ပြီးစီးမှုမြန်ဆန်ခြင်း၊ ပျိုထောင်ဧရိယာအ နည်းငယ်သာလိုအပ်ခြင်း၊ သန်မာ၍ရောဂါကင်းသောပျိုးပင်များရရှိခြင်း၊ လေဝင်လေထွက်ကောင်းပြီး ကောက်ကွက်ဝင်ဆန့်မှုတိကျမှန်ကန်ခြင်း၊ ပင်ပွားနှုန်းကောင်းပြီး စပါးထွက်နှုန်းကောင်းမွန်ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)