တန့်ယန်း ဇူလိုင် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ကျောင်းနေအရွယ် ကလေးများဖြစ်သည့် အသက်(၅) နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ဝေဠုဝန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အခြေခံပညာမူလတန်းလွန်ကျောင်း၌ ထိုးနှံပေးသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရီရီထွေးက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေး၍ ကျောင်းသား၊ ကျောင်းသူ မိဘအုပ်ထိန်းသူများ၏ သဘောတူညီချက်ဖြင့် ထိုးနှံပေးရာ ဝေဠုဝန်ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော်၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့် ယနေ့အထိ တန့်ယန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၆၉၈၇)ဦး ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)