ကလိန်အောင် ဇူလိုင် ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ (Book Club)စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းနှင့်(Youth Club)လူငယ်အသင်းတို့ပူးပေါင်း၍ မိမိတို့သိသည့် ကျန်းမာရေးဆိုင်ရာအကြောင်း အရာများကို စာပေချစ်မြတ်နိုးသူများအချင်းချင်း အသိပညာဗဟုသုတများဖလှယ်ပြီး အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်ရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ(၂)နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ဆွေးနွေးပွဲတွင် ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ခင်ခင်လဲ့က စာရေးဆရာကြီး ရွှေဥဒေါင်း ရေးသားထား သည့် “အာဟာရနှင့်ကျန်းမာရေး” စာအုပ်ပါ အကြောင်းအရာများကို အခြေခံပြီး စတင်ဆွေးနွေးရာ စာအုပ်ပါအချက်အလက်များနှင့် သက်ဆိုင်သော အကြောင်းအရာများ၊ အခြားမိမိတို့သိရှိထားသော ကျန်းမာရေးဗဟုသုတများကို အပြန်အလှန်ဆွေးနွေးကြရာ (Book Club)အသင်းမှ ဒေါ်ထက်နန္ဒာဇော်က “ရောဂါဆိုသည်မှာဘာလဲ”၊ စိတ်နှင့်ကိုယ် အပြန်အလှန်ကျေးဇူးပြုပုံ၊ (Youth Club)အသင်းမှ ဦးအောင်လင်းမြမှ အာဟာရစုံလင်ပြည့်ဝမျှတအောင် စားသောက်ခြင်းသည် ကျန်းမာရေးအတွက် အကျိုးပြုကြောင်းကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါဆွေနွေးပွဲ တက်ရောက်လာသူများကလည်း ယခုလိုကျန်းမာရေးဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်၍ ဆောင်ရွက်ပေးရာ မိမိတို့သိသည့်အသိများကို မိတ်ဆွေအချင်းချင်း အပြန်အလှန်ဖလှယ်နိုင်ပြီး ကျန်းမာရေးအသိများ တိုးပွားစေကြောင်း ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ခင်ခင်လဲ့