မူဆယ်မြို့ ကျေးရွာများအတွင်း မြေဌားဂရမ်ထုတ်ပေးနိုင်ရေး ဆောင်ရွက်

မူဆယ် ဇူလိုင် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ကျေးရွာများအတွင်း မြေဌားဂရမ်ထုတ်ပေးနိုင်ရေး စီမံချက်တစ်ရပ်အနေဖြင့် ယမန်နေ့ (၂၁) ရက်မှစ၍ စတင်ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ရာတွင် မူဆယ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် နေထိုင်ကြသော ပြည်သူများ၏ မြေယာပိုင်ဆိုင်မှုခိုင်မာစေရန် အတွက်လည်းကောင်း၊ မြေယာပြဿနာ အငြင်းပွားမှုများ လျော့ပါးစေရန်အတွက်လည်းကောင်း၊ လူမှုရေး၊ စီးပွားရေးနှင့် ဒေသအလုပ် အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်လည်းကောင်း၊ မြေဌားဂရန်မရရှိသေးသည့် ကျေးရွာများရှိလူနေအိမ်မြေကွက်များအား ကျေးရွာမြေဌားဂရမ်ထုတ်ပေးနိုင်ရေးစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၁၅ ခုနှစ်တွင် မန့်နိုင်ကျေးရွာအုပ်စုအတွင်း လူနေအိမ် မြေကွက်ပေါင်း(၆၀)ကွက်နှင့် ၂၀၁၆ ခုနှစ်တွင် နမ့်ပန်းကျေးရွာအုပ်စုအတွင်း လူနေအိမ်မြေ ကွက်ပေါင်း(၇၆) ကွက် စုစုပေါင်းလူနေအိမ်မြေကွက် (၁၃၆)ကွက်ကို ကျေးရွာမြေဌားဂရန် ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ယင်းနောက် မြို့နယ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနှင့် အဖွဲ့ဝင်များမှ ကျေးရွာမြေဌားဂရမ်ဆောင်ရွက်သည့် ပန်ခမ်းကျေးရွာအုပ်စု၊ ပန်ခမ်းကျေးရွာရှိ လူနေအိမ်မြေကွက်များအား ၂၂.၇.၂၀၂၂ ရက်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ချယ်ရီမြေ(မူဆယ်)