ဟိုပုံး ဇူလိုင် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေး ဌာနရုံးရှေ့တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ရဲမှူးစိုးအောင်၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ယာဉ် ထိန်းတပ်ဖွဲ့တို့ပူးပေါင်း၍ မော်တော်ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်မဆောင်း သည့်ပြည်သူများနှင့် မေးသိုင်းကြိုး တပ်ဆင်ခြင်းမရှိသည့် ပြည်သူများအား ဆိုင်ကယ်စီးဦးထုပ်များကို ဆောင်းကြရန်၊ မော်တော်ဆိုင်ကယ် မောင်းနှင်ရာတွင် သိရှိလိုက်နာရမည့်အချက်များ၊ မော်တော်ဆိုင် ကယ်အသုံးပြုရာတွင် ပေါ့ဆစွာအသုံးပြုခြင်းကြောင့် စက္ကန့်ပိုင်းအတွင်းဆုံးရှုံးသွားသော အသက် အန္တရာယ်များ၊ ညအချိန်တွင် ဆိုင်ကယ်များ မီးဖွင့်မောင်းနှင်သွားလာကြရန်၊ လမ်းအသုံးပြုခြင်းနှင့်ပတ်သက်၍ လိုက်နာသင့်သည့် အချက်တို့ကို အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)