လဲချား ဇူလိုင် ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်နှင့်ခေါင်းဆောင်မှု အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီခွဲ အချိန်က အ-ထ-က (လဲချား)အစည်းအဝေးခန်းမတွင် ဟောပြောပွဲ ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အ-ထ-က (လဲချား)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးစန္ဒာလွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးထိန်လင်းမှ ကျောင်းသား/သူများအနေဖြင့် အနာဂတ်တွင် ခေါင်းဆောင်ကောင်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန်၊ လမ်းမှားမရောက်ရှိစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်အတွက် လူငယ်နှင့်ခေါင်းဆောင်မှုအခန်းကဏ္ဍမှ ပြင်းပြသော ဆန္ဒ၊ ရည်မှန်းချက်၊ ဝိရိယနှင့်ဇွဲရှိရေး၊ အသိပညာပြည့်ဝမှု စသည့်အကြောင်းအရာများကို ကျောင်းသား/သူ လူငယ်များအတွက် အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ် အားကစားမှူးမှ အားကစားပစ္စည်းများကို ကျောင်းအုပ်ဆရာမကြီးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လဲချား (မြို့နယ် ပြန်/ဆက်)