ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)၌ လူငယ်နှင့်မီဒီယာ အသိပညာပေး Talk Show ဆောင်ရွက်

နေပြည်တော် ဇူလိုင် ၂၂

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံးမှ ပြည်သူများ အသိပညာဗဟုသုတများရရှိစေရေးအတွက် Onlineမှတစ်ဆင့် အသိပညာပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်နေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)၌ လူငယ်နှင့်မီဒီယာ အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြသည်။

အသိပညာပေး Talk Show အစီအစဉ်တွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်၊ ဒုတိယဦးစီးမှူး ဒေါ်ဦးဆန်းကြည်နှင့်် စာရေးဆရာမ ဒေါ်သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)တို့က မီဒီယာဆိုင်ရာသိနားလည်မှု အဓိပ္ပာယ်၊ မီဒီယာ၏ ဆိုးကျိုးများ၊ သတင်းအမှား/အမှန်ခွဲခြားနည်းများ၊ မီဒီယာနှင့်ပတ်သက်၍ လူငယ်များသိရှိလိုက်နာရန်အချက်များ စသည်တို့ကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ လူငယ်နှင့်မီဒီယာ အသိပညာပေး Talk Show ဆွေးနွေးမှုအပြည့်အစုံကို We Love Dakhina District Facebook Page တွင် ဖော်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)