ကျိုင်းတုံ ဇူလိုင် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ငလျင်လှုပ်နေစဉ် ဘေးအန္တရာယ်ဖြစ်ပွားခြင်းမှကာကွယ်နိုင်ရေး လိုက်နာရမည့်အချက်များ အသိပညာပေးနှိုးဆော်ခြင်း ဇူလိုင် ၂၂ ရက် နံနက် ၉ နာရီက လူစည်ကားသည့်နေရာများတွင် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်တွင် အင်အားအနည်းငယ်နှင့် အသင့်အတင့်ရှိ ငလျင်လှုပ်ခြင်း ဖြစ်ပွားနေမှု များပြားနေသည့်အတွက် ကျိုင်းတုံခရိုင်ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ပြည်သူများ ငလျင်လှုပ်နေစဉ် ဘေးအန္တရာယ်ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရေးအတွက် ငလျင်လှုပ်စဉ် လိုက်နာရမည့် အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ ကြိုတင်ကာကွယ်ခြင်းနည်းလမ်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသံချဲ့စက်များဖြင့် လိုက်လံအသိပညာပေးနှိုးဆော်ခြင်းနှင့် ငလျင်ဘေး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို လူစည်ကားသည့် ကျိုင်းတုံ မြို့မဈေးကြီး၊ မြို့လယ်ကျောက်တိုင်နှင့် ရပ်ကွက်၊ ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)