မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးTalk Show ကျင်းပ

ပုဗ္ဗသီရိ ဇူလိုင်၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းနှင့် တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေး တို့က မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်၊ မူးယစ်ဆေးဝါးရောင်းချခြင်း၊ သယ်ယူပို့ဆောင်ခြင်းများတွင် ကလေးသူငယ်များကို ခိုင်းစေခြင်း မပြုရန်၊ မူးယစ်ဆေးဝါးရောင်းချရာတွင် လည်းကောင်း၊ သယ်ယူပို့ဆောင်ရာတွင် လည်းကောင်း၊ လွှဲပြောင်းရာတွင်လည်းကောင်း တစ်နည်းနည်းဖြင့် ပါဝင်ကူခြင်းအတွက် ကျခံရမည့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ရောင်ချခြင်းများအတွက် ပြစ်မှု၊ပြစ်ဒဏ်များ အကြောင်းကို စုံလင်စွာဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန်တွက် Online မှတစ်ဆင့် အသိပညာပေးဟောပြောပွဲများ၊ Talk Show အစီအစဉ်များ၊ စာအုပ်မိတ်ဆက်အစီအစဉ်များ၊ ပုံပြင်ပြောခြင်းအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း  မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

မျိုးသီဟ (ပြန်/ဆက်)