ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြိုနယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

နမ့်ဆန် ဇူလိုင်  ၂၂ 

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး နမ့်ဆန်ဒေသရုံးသည် ရုံးဝန်ထမ်းများ အရည်အသွေးမြင့်မားရေးအတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နေ့လည်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ့်ဆန်ဒေသရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ဝေသည့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ စာအုပ်ပါ အခန်း(၁၆) ဌာနဆိုင်ရာအရေးယူခြင်းနှင့် အခန်း(၁၇)ရှေးဦးစုံစမ်းမှု စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ့်ဆန်ဒေသရုံးမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြော ကြားပြီး ဝန်ထမ်းများက တစ်ဦးချင်းခေါင်းစဉ်အလိုက်ဖတ်ကြား၍ အကြောင်းအရာအလိုက် ရှင်းလင်းဆွေးနွေးခြင်း ကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)